ဘယ်အချိန်ပြန်ပေးမှာလဲ

Start from the beginning
                                    

ဒါပေမယ် ရှရှီပေ သူမခြေလှမ်းကို ရွှေ့လိုက်ပြီး သူ့လက်ကို ရှောင်လိုက်ရင်း  သူ့ကို လှောင်ပြုံးပြုံးပြလိုက်တယ်

" နင် ငါ့ပိုက်ဆံကို ပြန်ပေးဖို့လာတာလား?"

သူမအဲ့ဒီစကားတွေကို ပြောလိုက်တဲ့ အချိန်မှာ ယန်ရွှမ် အေးခဲသွားတယ်

"ဘာ ဘယ်က ပိုက်ဆံလဲ? မင်း ဘာတွေ လျှောက်ပြောနေတာလဲ!"

ရှရှီပေရဲ့ အပြုံးက ပိုပြီး သရော်သလို ဖြစ်လာတယ် " နင် ငါ့ကို နင့်အဖေက ပြဿနာ တက်နေတယ်ဆိုပြီး ပြောလို့ ငါ ယွမ် ၃၀၀၀ ချေးပေးလိုက်တယ် နောက်ကျတော့ ပစ္စည်းတွေ ဝယ်ချင်တယ်ပြောလို့တစ်ခါ ယွမ် ၂၀၀၀ ချေးပေးလိုက်ပြန်တယ် အဲ့တာတွေ အကုန်လုံးပေါင်းလိုက်မယ်ဆိုရင် နင် ငါ့ကို အကြွေးတင်နေတာ အနည်းဆုံး ယွမ် ၁၀၀၀၀ လောက်ရှိတယ် အဲ့တာ ဘယ် တော့ပြန်ပေးမှာလဲ?"

"ရှရှီပေ!"

ယန်ရွှမ်ရဲ့ မျက်နှာက တစ်ချိန်တည်းမှာဘဲ နီရဲလာတယ် သူ ပိုပြီးတောင် ဒေါသထွက်သထွက်လာတယ်" ငါ ဘယ်တုန်းက မင်းဆီက ပိုက်ဆံ ချေးဖူးလို့လဲ? ပရမ်းပတာတွေ လျှောက်မပြောနဲ့!"

"အဲ့လိုလား?"

"ဟုတ်တာပေါ့!" ယန်ရွှမ် ပြန်တည်ငြိမ်လာပြီး " မင်းဘာသာမင်း ပေးတာ ငါ မင်းဆီက ပိုက်ဆံ‌မချေးဖူးဘူး!"

အဲ့လို အရှက်မရှိတဲ့ စကားတွေက ရှရှီပေကို ရီစေတယ်

" ငါ့ကဘာသာ ငါတောင် မစားနိုင်တာ နင့်ကို ပိုက်ဆံပေးတယ်? ငါက ရူးနေတာလား ဘာလား?"

ဟုတ်တာပေါ့ အရင်က ရှရှီပေ တကယ် ရူးခဲ့တာ သူမမှာ စားနိုင်ဖို့ အနိုင်နိုင် ယန်ရွှမ်ကို ပိုက်ဆံ ထောက်ပံ့လိုက်သေးတယ်

သူမတို့ တွဲနေတာ နှစ်ဝက်တောင် မရှိသေးဘူး ယန်ရွှမ်က သူမဆီက ယွမ် ၁၀၀၀၀ ရပြီးပြီ

အဲ့တာက သူများတွေအတွက်တော့ အများကြီး ဖြစ်ချင်မှ ဖြစ်လိမ့်မယ် ရှရှီပေ အတွက်တော့ သူမ ရှိတာ အကုန်ဘဲ

ယန်ရွှမ်ကလည်း အရှက်မရှိဘူး ရှရှီပေ ပိုက်ဆံရဖို့ သူများတွေ အတွက် အလုပ်လုပ်ပေးရတယ်ဆိုတာ သူသိတယ် ဒါကိုတောင် ဒုက္ခသည် ယောင်ဆောင်ပြီး နည်းနည်းလေးတောင် အပြစ်ရှိသယောင် မခံစားရဘဲ သူမဆီက ပိုက်ဆံတောင်းရဲတယ်

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now