အချစ်တွေကုန်ဆုံးသွားပြီ

Start from the beginning
                                    

သူမက ကြည့်ကောင်းပေမယ့်လည်း သူ့ အထိန်းအချုပ်ထဲမှာ မရှိတဲ့ကလေးက လိမ္မာတဲ့ ကလေးမဟုတ်ဘူး

ရှရှဟိုင်ရဲ့ ကိစ္စ ဖြေရှင်းပြီးတဲ့ နောက်မှတေ့ာ တုန့်ရှုလန်ရဲ့ အလှည့်ရောက်လာပြီ

တုန့်ရှုလန်က ရှရှဟိုင်လောက် မကြမ်းတမ်းဘူး ဒါ့အပြင် သူမက သူမအရင်က လုပ်ခဲ့တဲ့ အရာတွေ ဖော်ထုတ်ခံရမှာ ကြောက်တယ်

လူတိုင်းက ရှရှီပေဟာ သူမနဲ့ ရှရှဟိုင်ရဲ့ ကလေးလို့ဘဲ သိကြတာ

သူမမှာ ရှရှီပေနဲ့ ကိုယ်ဝန်ရှိနေမဘူးဆိုရင် ရှရှဟိုင်က သူမကို လက်ထပ်မှာ မဟုတ်ဘူး

ရှရှဟိုင်နဲ့ ကွာရှင်းပြီးတဲ့ နောက်မှာတောင် ဒီအချက်အလက်က မပြောင်းလဲဘူး

တစ်ခြားသူတွေက သူမ(xxb) ဟာ သူမ (dsl) ဝယ်ခဲ့တဲ့ ကလေးမှန်းသိရင် ပြဿနာတွေ အများကြီးတက်လိမ့်မယ်

ဒါ့ကြောင့် သူမက ရှရှီ‌ေပ ညွှန်ကြားချက်အတိုင်း လိုက်လုပ်ခဲ့တယ်

ဒါပေမယ့်လည်း သူမ ပိုက်ဆံပေးလိုက်ရတဲ့ အခါမှာတော့ သူမကိုအော့နှလုံးနာစေတယ်

အဲ့ဒါက ယွမ်၂၀၀၀၀၀ သူမ ဒီနှစ်တွေမှာ လျှို့ဝှက်စွာ စုခဲ့တဲ့ ပိုက်ဆံရဲ့ တစ်ဝက်လောက်ရှိတယ်!

သူမ ယောက်ျားက ချမ်းသာပေမယ့်လည်း သူမ သာမန်အားဖြင့် ပိုက်ဆံ အများကြီး မရဘူး အခုတော့ သူမက အကုန်လုံးကို တစ်လုံးတစ်ခဲကြီးပေး လိုက်ရတယ် အဲ့တော့ သူမရဲ့ အတွင်းကလီစာတွေ တစ်ချိန်တည်းမှာ နာကျင်နေသလို ခံစားနေရတယ်

ရှရှီပေ သူမရဲ့ အမူအရာကို ဂရုတောင်မစိုက်ဘူး ပိုက်ဆံရပြီးနဲ့ နောက်မှာ ရှရှီပေ သဘောတူညီချက်စာချုပ်ကို ထုတ်ပြလာတယ်

"ဒါကို လက်မှတ်ထိုးပြီးရင် နင်လာမရှာ..."

"စိတ်ချ ဒါပြီးရင် ကျွန်မတို့ကြားမှာရှိတဲ့ အချစ်တွေ ရှိတော့မှာ မဟုတ်ဘူး"

တုန့်ရှုလန် မျက်မှောင် ကုတ်လိုက်တယ် 

သူမ ဒီရလဒ်ကို လိုချင်ပေမယ့်လည်း ဒီလိုလုပ်ရလောက်တဲ့ အထိ ရှရှီပေက ရက်စက် အေးစက်လွန်းတယ်

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now