Bai Xiyan နှုတ်ခမ်းပေါ်မှ အပြုံးကြီး ခဲတောင့်သွားသည်။

ခင်ဗျား ဘာဆိုလိုချင်တာလဲ။ Qing Yun ကသရုပ်ဆောင်ပြပြီးပြီလား။ Ling Hua Xianjun ရဲ့ဇာတ်ကောင်နေရာကို ရသွားတာလား။

ဘာလို့လဲ။ သူ့မှာ အဲ့မျက်နှာ လှလှလေး ရှိနေတာကြောင့်လား။

*****

Qing Yun ကဝတ်စုံပြန်လဲလိုက်ပြီး ဆံပင်တုချွတ်လိုက်သည်။ စောနက ကြောက်ဖို့ကောင်းသော အေးစက်စက်၊ မာနကြီးကြီး အမူအရာက ဖြည်းဖြည်းချင်း လွင့်ပြယ်သွားကာ ဒေါသစိတ်လျော့သွားပုံပေါ်သည်။

သူက ထိုကဲ့သို့သော စိတ်အခြေအနေဖြင့် ကြာကြာနေမည်မဟုတ်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ၎င်းက ထောင်ချောက်မိသွားသည့် သားရဲတစ်ကောင်၏ သေခါနီးတော်လှန်ပုန်ကန်မှုတစ်ခုနှင့်တူသည်။ Qing Yun ကသူသွားရမည့် လမ်းကြောင်းကို ရှာတွေ့ထားပြီး ဖြစ်ကာ လမ်းခုလတ်မှ အံ့အားသင့်စရာတစ်ခုကိုပင် ရရှိခဲ့သေးသည်။ ထို့ကြောင့် Qing Yun ၏စိတ်အခြေအနေက ထိုအချိန်နှင့် ကွာခြားနေပြီဖြစ်သည်။

သို့သော်သူ၏ ရက်စက်ပြီး အစွန်းရောက်သော သဘာဝကဘယ်တော့မှ ပြောင်းလဲသွားမည်မဟုတ်ပေ။

Qing Yun အဝတ်လဲပြီးနောက် မှန်ရှေ့၌ ဆံပင်ပြန်ပြင်နေစဉ် တံခါးပွင့်သွားကာ Bai Xiyan ဝင်လာသည်။

သူတို့ ၂ယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြကာ ၂ယောက်လုံး၏ မျက်ဝန်း၌ လုံးဝအံ့ဩနေဟန် မရှိပေ။

Qing Yun ၏ပိုပြည့်စုံလာသော မျက်နှာကိုကြည့်ရင်း Bai Xiyan ၏မျက်လုံးထဲ၌ မနာလိုမှုများ မသိမသာ ဖြတ်သွားသည်။

မျက်နှာခွာချခဲ့ပြီးဖြစ်သော Bai Xiyan နှင့် Qing Yun တို့ ၂ယောက် အချင်းချင်း ဟန်ဆောင်နှုတ်ဆက်နေစရာမလိုပေ။ ခေါင်းပင် ညှိတ်မပြကြဘဲ မသိချင်ယောင်ဆောင်သွားကြသည်။

Qing Yun အပြင်ထွက်ခါနီးတွင် သူက Bai Xiyan ၏ကောက်ကျစ်သော ခပ်ရွဲ့ရွဲ့အသံအား ကြားလိုက်ရသည်။ " အဲ့ဒီ့ မျက်နှာလှလှလေးနဲ့ လုပ်စားနေရတာ မင်းအတွက်အတော်အဆင်ပြေမှာပဲ။ "

Bai Xiyan ၏ရွဲ့စကားကြောင့် အနှောက်အယှက်ဖြစ်ပုံမရဘဲ Qing Yun ကပြုံးလိုက်သည်။ သူက ချောမွတ်နေသော မျက်နှာလေးကို ညှစ်လိုက်ပြီး ပြန်ပြောလိုက်သည်။ "ငါတတ်နိုင်တာလဲ မရှိဘူးလေ။ တကယ်လည်း ကြည့်ကောင်းနေတာပဲ။ "

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now