"ဟုတ်​ကဲ့ ​ဆေ့သခင်​ကြီး" ဟုသူမသည်​ အနည်းငယ်​ပြုံးကာ သူ၏ ရန်​လို​နေမှုကို ဂရုမစိုက်​ပဲ ပြန်​​ဖြေ​လေသည်​။

ယခုလို သူမအား အဘယ်​​ကြောင့်​ ​ဆေ့သခင်​ကြီး ရန်​လို​နေသည်​ကို သူမသိသည်​။ "ယဲ့" မျိုးရိုး နံမည်​သည်​ အကြီးကဲတွင်​လည်းပါ​နေ​သော​ကြောင့်​ဖြစ်​သည်​။(TL note: ဒီမှာ​ပြောထား​တဲ့ အကြီးကဲက ယဲ့အိမ်​​တော်​​ကအကြီးအကဲဖြစ်​သည်​။)

သူမ၏ ပိန်​ပါး​သော ခန္ဓာကိုယ်​အား ​ရန်​မုန်းစိတ်​ဖြင့်​ကြည့်​ပြီး

"ယဲ့ကျင့်​ထန်​,မင်းဟာ ယဲ့အိမ်​​တော်​ရဲ့ သခင်​မ​လေးဖြစ်​​​နေပ​စေ ကို ငါဂရုမစိုက်​ဘူး. မင်း ​ဆေ့အိမ်​​တော်​​တံခါး​ရှေ့မှာ အတင့်​ရဲပြီး ​ပြောလိုက်​ခဲ့တဲ့စကား​တွေ ရဲ့ အကျိုးဆက်​ကို မင်းသိ​လား?" ဟု ​ဒေါသဖြင့်​ ​ဆေ့သခင်​ကြီး ဟိန်း​ဟောက်​​ပြောဆို​လေသည်​။

ယဲ့ကျင့်​ထန်​မှာ သူ၏ ရန်​လို​အမုန်းထား​နေမှုကို ခံစားရ​သော်​လည်း စိတ်​ထံမထားပဲ အပြုံးဖြင့်

"သမီး လာရဲတယ် ဆိုကတည်းက သမီး ကိုယ့်​ကိုယ်​ကို ယုံကြည့်​မှုရှိလို့လာတာပါ.

ဆေ့သခင်​ကြီးအ​နေနဲ့ သမီးဘာ​ပြောမလဲဆိုတာ နားမ​ထောင်​ရ​သေးပဲနဲ့ ​အဓိပ္ပါယ်​မရှိတာ​တွေ လို့​ပြောတာက တဖက်​သတ်​ကြီး ဆုံးဖြတ်​သလို ဖြစ်​မ​နေဘူးလား?" ဟု​ပြန်​​ဖြေ​လေသည်​။

"တစ်​ဖက်​သက်​ဆုံးဖြတ်​တယ်​? ဟုတ်​လား? ​ဆေ့အိမ်​​တော်​က ငါ့ရဲ့ တတိယ​မြေးကို ​ကုသဖို့ တစ်​​လောကလုံးမှာရှိတဲ့ နာမည်​ကြီး​ဆေး​ဆရာ​တေကို ရှာ​နေခဲ့တာ

မင်းက ဒီနှစ်​မှ ၁၅ နှစ်​ပြည့်​မှာ ပြီး​တော့ ​ယဲ့အိမ်​​တော်​က ​ဆေးပညာနဲ့ပက်​သက်​ပြီး ထွန်​ထွန်း​ပေါက်​​ပေါက်​ဖြစ်​တယ်​ဆိုတာလည်းငါမကြားခဲ့ဖူးဘူး၊ ဆို​တော့ မင်းအခုလို ယုံကြည့်​မှုမျိုး ဘယ်​ကရလားပြီး အခုလို​ပြောတာလည်း?" ဟု ​ဆေ့သခင်​ကြီး​ပြော​လေသည်​။

ဆေ့သခင်​ကြီးဟာ ယဲ့ကျင့်​ထန်​အား​ပေးဝင်​ခဲ့​သော်​လည်း သူမတကယ်​ ​ဆေ့ဘိုင်​ကို ကယ်​တင်​နိုင်​သည်​ကို ဘယ်​​သောအခါမှ မယုံကြည့်​ခဲ့​ပေ။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now