သူလေးသာ Sheng Shi ဖျော်ဖြေရေးနှင့် စာချုပ်မချုပ်ထားလျှင် သူ့ကိုအရယူရန် ကိုယ်ပိုင်နည်းလမ်းများ သုံးကြပေလိမ့်မည်။

လူခြောက်ယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ပြီး တစ်ယောက်ချင်းစီ၏ မျက်လုံးထဲမှ အရှက်ရမှုအား တွေ့လိုက်ကြသည်။ချက်ချင်းပင် သူတို့၏ထောင်ချောက်များ တူနေကြောင်း ရှင်းလင်းလာသည်။

အခြားသူများက မသိသော်လည်း မူလပိုင်ရှင်၏ မှတ်ဉာဏ်ကို စစ်ဆေးထားသော Qing Yun ကအကုန်သိသည်။ သူ မငြင်းဆန်ခဲ့တာ မဟုတ်ဘဲသူမငြင်းရဲတာဖြစ်သည်။ ဒီလူများက အကွက်တစ်ကွက် ရွှေ့လိုက်လျှင်ပင် သူ့ကို သေလောက်အောင် ချေမွှပစ်နိုင်သည်။ သူက သတ္တိနည်းသူတစ်ယောက် ဖြစ်ပြီး တစ်ယောက်ကို သုံးကာ အခြားတစ်ယောက်ကို ရှင်းထုတ်ရန်လည်း မစီစဉ်ရဲသဖြင့် ဖုံးကွယ်ကာ တိတ်တဆိတ် တောင့်ခံနေရုံသာတတ်နိုင်သည်။

Bai Xiyan ၏စကားအရ Qing Yun က လှေနံခြောက်ဖက်နင်းနေပုံ ပေါ်နေသည်။

ထုံထုံထိုင်းထိုင်းဖြင့် ပြောစရာမဲ့နေသော လူများကို လစ်လျူရှုကာ Qing Yun ကအချိန်ကြည့်၍ ဂျက်ကတ်ကို ကောက်ယူပြီး ထွက်သွားသည်။ သူက Bai Xiyan ဘေးဖြတ်သွားသောအခါ အသံမတိုးဘဲ ပြောလိုက်သည်။ "ဒီနေရာက လျှို့ဝှက်နေရာပေမယ့် လုံးဝလုံခြုံနေတာတော့ မဟုတ်ဘူး။ "

"ဒီနေ့ မင်းငါ့ကို ပက်လိုက်တဲ့ ရေတစ်ဖန်ခွက်အတွက် ငါမှတ်ထားလိုက်မယ်။ ငါက ကိစ္စတစ်ခုကို အဆုံးထိလုပ်ရတာကြိုက်တယ်။ ငါ့လိုမျိုး ၁၈ကာရတ် သရုပ်ဆောင်လေးကို သုံးပြီး မင်းလိုလူကို ဆွဲချရတာ တန်တယ်လို့တော့ ထင်တာပဲ။ "

Qing Yun စကားထဲမှ အဓိပ္ပာယ်ကို Bai Xiyan ချက်ချင်းနားလည်သွားသည်။ ဒီနေ့ဖြစ်ရပ်သာ ပေါက်ကြားသွားလျှင် သူတို့နှစ်ယောက်လုံး၏ ပုံရိပ်ကို ပျက်စီးစေလိမ့်မည်။

Qing Yun သာ ဗီဒီယိုကို ထုတ်ပြလိုက်လျှင် အဆိုးဆုံးဖြစ်နိုင်သည်မှာ လူခြောက်ယောက်၏ ဒေါသအထွက်ခံရပြီး အနုပညာလောကမှ ထွက်သွားရရုံသာရှိသည်။ သို့သော် Bai Xiyan ကတော့ သူဂရုတစိုက် တည်ဆောက်ထားရသည့် ပုံရိပ်မှာ ထိုကိစ္စကြောင့်နှင့် အရောင်စွန်းသွား၍ မရပေ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now