ထိုအချိန်ကပင် သူ Jorah ငယ်ကလေးအား ကတိပေးခဲ့ခြင်းဖြစ်သည်။ "ငါမင်းကို အမြဲတမ်းကာကွယ်ပေးမှာ။ ဘယ်တော့မှ မနာကျင်စေရဘူး။ "

ဒါပေမယ့် ဘာဖြစ်ခဲ့သနည်း။ သူ သူ့ကတိကို ပြန်စားလိုက်သည်လား။

သူနှင့် Jorah ၂ယောက်သား စတွဲခဲ့သော်လည်း နောက်ပိုင်း၌ Lucas တွင် ဒုတိယတပ်မနှင့် Corsi ရှိလာခဲ့သည်။

ပြီးတော့ Jorah တွင် ဘာမှမရှိပေ။

Lucas ကကိုယ့်မျက်နှာကိုယ်ဖုံးထားပြီး ရှိုက်လိုက်သည်။ Jorah ကရက်စက်သည့်ညှင်းပန်းမှု ခံစားရပြီးနောက် သူပေါ်လာမည်အား စောင့်နေခဲ့မည်လား။ သူ၏စိတ်ထဲတွင် "Lucas ကယ်ပါဦး"ဟု အော်ခေါ်နေခဲ့လောက်သည်လား။

သို့သော်ထိုကဲ့သို့သော အချိန်တွင် သူမပေါ်လာခဲ့သည်သာမက သူဘာပြောခဲ့သနည်း။

Oh, သူဒီလိုပြောခဲ့တာပဲ: သူမင်းကို အတော်အခက်အခဲ ဖြစ်စေခဲ့တယ် မဟုတ်လား။

မင်းဘယ်လိုတောင် ပြောရဲရတာလဲ၊ Lucas။ သူ့ကိုယ်သူ ပါး၂ချက် ရိုက်လိုက်သည်။

"ဘန်း" တံခါးက အားဖြင့်အဖွင့်ခံရပြီး Corsi ကခြေလှမ်းခိုင်ခိုင်ဖြင့် လျှောက်ဝင်လာသည်။ သူက စားပွဲခုံပေါ် လက်ထောက်လိုက်ပြီး Lucas မျက်လုံးထဲ စိုက်ကြည့်လိုက်သည်။ "Lucas လမ်းခွဲမယ်။"

Lucas ကထိုစကားများကြောင့် ခဲတောင့်သွားသည်။

"တကယ်တော့ မင်းနဲ့စတွဲကတည်းက ငါတုန့်ဆိုင်းနေခဲ့တာ" Corsi ကတည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။ "မင်းပြောသလိုပဲ၊ Jorah မှာမင်းနဲ့လိုက်ဖက်မယ့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေ မရှိဘူး။ ငါတို့၂ယောက်က အလိုက်ဖက်ဆုံးပဲ။ "

"ဒါပေမယ့် မင်းနဲ့ငါက လိုက်ဖက်ရုံလေးနဲ့ ၊ ငါတို့ခန္ဓာကိုယ်က သန်မာနေရုံလေးနဲ့ Jorah ကသူ့ကိုယ်ပိုင် ပျော်ရွှင်မှုကို မဆုံးရှုံးသင့်ဘူး" Corsi ကမျက်လုံးမှိတ်ချလိုက်သည်။ "မင်းဆီကနေ အ စွန့် ပစ် မ ခံ ရ သင့် ဘူး။ "

"ငါတောင်းပန်ပါတယ် Lucas ။ ဒီလိုအခြေအနေမျိုးမှာ ငါ့ကိုယ်ငါတွန်းအားပေးပြီး မင်းနဲ့အတူရှိမနေနိုင်တော့ဘူး။ "

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now