ဝာာဝန်ကို တစ်ပတ်ထဲဖြင့်ပြီးမြောက်ခဲ့ပြီး ၎င်းက Qing Yun ကိုအံ့အားသင့်စေခဲ့သည်။

သူဝင်ရောက်ဆော့ကစားနေသော ကမ္ဘာမှ ထွက်ခွာသွားမည့် အတွေးသူ့ခေါင်းထဲ ပေါ်လာလာချင်းပင်၊ ဤရက်များအတွင်း Chris သူ့ကို အဖော်ပြုပေးနေပုံများ မှတ်မိလာသည်။ သူက ကူကယ်ရာမဲ့စွာ ခေါင်းခါ၍ ရယ်မောရုံသာ တတ်နိုင်သည်။

ကမ္ဘာကနေ တိုက်ရိုက်ထွက်သွားတာကခဏလောက်နေပေးပြီး သူ့ကိုနဲနဲကြပ်ပေးတာလောက် ပိုပျော်စရာကောင်းပါ့မလား။

ဗိုလ်ကြီး Chris ကသတင်းအချက်အလက်ဖြန့်ဝေသော ပွဲတစ်ခု ပြုလုပ်ခဲ့သည်။

သူ၏ အကျင့်နှင့်ရင်းနှီးသော သူများအတွက် အနည်းငယ်အံ့သြစေခဲ့သည် အဘယ့်ကြောင့်ဆိုသော် Chris ကအလုပ်ဖြင့်သက်သေပြသော သူမျိုးဖြစ်သောကြောင့်ပင်။ သူက မလိုအပ်လျှင် လူများကို အဓိပ္ပါယ်မရှိသည်များ မပြောတတ်ဘဲ၊ ယခုကဲ့သို့ ပွဲလုပ်ခြင်းက ကောင်စီမှ လူအိုကြီးများ၏ ပုံစံနှင့် ပိုတူသည်။

လူအများစုက ရှင်းလင်းပွဲကို သိချင်စိတ်ဖြင့် Chris၏ ပြည်ထောင်စုတွင်း ကျော်ကြားမှုကြောင့် ကြည့်ကြသည်။

ဗိုလ်ကြီး Chris ကဘာများ ပြောလိမ့်မလဲ။ ပြည်ထောင်စု ထိပ်သီးပိုင်းက ဆုံးဖြတ်ချက်များလား။ တာဝန်အတွင်း သူ့ရဲ့အဖြစ်အပျက်တွေကိုများ ပြန်ပြောမလို့လား။

ပရိသတ်က သိသိသာသာပင် အကောင်းမြင်နေပြီး မျက်နှာပြင်ပေါ်တွင် မှတ်ချက်များတက်လာသည်။

(ပြည်ထောင်စု ထိပ်သီးပိုင်းကသူတွေ စိတ်များလွတ်သွားတာလား။ သူတို့က Chris ကိုရှင်းလင်းပွဲလုပ်ခိုင်းမယ်လို့ ယုံတောင်မယုံနိုင်ဘူး။)

(ဗိုလ်ကြီးက ၂ကြောင်းလောက်နဲ့ ပွဲသိမ်းသွားမယ်လို့ ငါပြောရဲတယ်။)

(ငါလည်း လောင်းတယ်)

(Chris ကငါ့ယောက်ျား၊ Chris ကငါ့ယောက်ျား၊ Chris ကငါ့ယောက်ျား)  ၎င်းက Chris ၏ စိတ်အားထက်သန်သော ပရိသတ်ဆိုတာရှင်းနေပြီး နီနီရဲနေသော စာတမ်းများ မျက်နှာပြင်တစ်ခုလုံးပေါ်လာသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now