ပထမဆုံးအဖြစ် ယဲ့ကျင့်ထန် လုပ်ရမည်မှာ သူမဖခင် ခန္ဓာကိုယ်ထဲရှိ နာတာရှည်အဆိပ်မှာ မည်သည့်အဆိပ်ဖြစ်ကြောင်း ရှာဖွေရမည်။
ယဲ့လင်းရဲ့ ခွန်အားအစွမ်းမှာ အကြီးကဲ၏ ခွန်အားနှင့် ညီမျှသည်သာ မက ပို၍ အစွမ်းပိုကြီးနိုင်သည်။ အကြီးကဲ နေ့တိုင်း အဆိပ် ခတ်ထားသောကြောင့် ယဲ့လင်းကျန်းမာရေးမှာ ယုတ်လျော့လာပြီး ခွန်အားစွမ်းအင်များ လျော့နည်းလာခြင်းဖြစ်သည်။
ထိုအဆိပ်ကြောင့်သာမဟုတ်ခဲ့လျှင် ယဲ့ကျင့်ထန်၏ အရင်ဘ၀တွင် အကြီးကဲမှာ ယဲ့လင်းအား အောင်မြင်စွာ လုပ်ကြံ၍ ရမည် မဟုတ်ခဲ့ပေ။
သူမ အဖေခန္ဓာကိုယ်ထဲရှိ အဆိပ်များ ပျောက်ကွယ်သွားလျှင် သူ၏ မူလ ခွန်အားအစွမ်းကို ပြန်ရရှိ နိုင်မည်ဖြစ်သည်။ သူမအဖေ ပြန်ကျန်းမာလာပါက အကြီးကဲ တစ်ခုခုလုပ်ရန်ကြိုးစား သောအခါ သူမအဖေကို နိုင်အောင် တိုက်ခိုက်နိုင်မည်မဟုတ်ပေ။
အရင်ဘ၀တုန်းက သူမ အတွင်းအားအရင်းအမြစ် ဆုံးရှူံး ခဲ့ရသော်လည်း အမြဲ စိတ်ဓာတ်ကျမနေပေ။ သူမသည် ပစ္စည်းများ ထုတ်လုပ်ခြင်း၊ မှော်စည်း များတည်ဆောက်ခြင်း၊ ဆေးရည်များ ဖော်စပ်ခြင်း နှင့် သူမအား ပိုပြီး ခွန်အားကြီး စွမ်းထက်လာစေမည့် အရာများအားလုံးကို လေ့ကျင့် လေ့လာခဲ့သည်။ သူမသည် ရှေးဟောင်း ဆေးနည်းများကို အလွတ်ကျက်ခဲ့ပြီး သူမလိုချင်သော အတွင်းအားဆေးလုံး များကိုပင်ဖော်စပ်နိုင်သည်။
သူမအဖေ၏ ခန္ဓာကိုယ်ထဲရှိအဆိပ်ကို ဆယ်ရက်အတွင်း သူမဖယ်ရှားနိုင်သည်။
ယဲ့လင်းမှာ အစေခံများကို ဆေးဖက်ဝင်အပင်များဝယ်ပြီး ယဲ့အိမ်တော်သို့ အမြန်ပြန်လာခဲ့ရန် ခိုင်းလေသည်။ မှာလိုက်သောဆေးဖက်ဝင်အပင်များ အကုန် စုံလင်စွာရရှိသည်နှင့် ယဲ့ကျင့်ထန်သည် သူမအခန်းထဲသို့ အဆိပ်ဖြေဆေးကို ပြင်ဆင်ရန် အလျင်အမြန် ပြန်သွားလေသည်။
KAMU SEDANG MEMBACA
အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)
Fiksi SejarahTranslation work of HanMay & GinYu (Best Novels Collection Team- BNC Team) U can search 'Best Novels Collection Team' on Fb💛 Every Tuesday & bonus day⭐ (Paid gpရိွ)
Ep- 10
Mulai dari awal