Qing Yun က ခန္ဓာကိုယ်ကို ရောင်းစားတယ်လား။ ယခုအခါ Nie Chenyuan က ပထမကောင်းကင်ဘုံ အဆင့် Qing Yun ကို အမြတ်ထုတ်သွားသည်ဟု ပြောလျှင် ပိုမှန်လိမ့်မည်။ သို့သော် သူတို့နှစ်ယောက်၏ စွမ်းရည်များသည် အထင်သေးလို့မရသဖြင့် ထိုကဲ့သို့ မှတ်ချက်များက ရှားပါးသည်။

*****

Qing Yun က အခန်းထဲကနေ အဖြူရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ပြီးထွက်လာသည်။ Nie Chenyuan က အေးစက်စွာ သူ့ဖုန်းကို ပွတ်နေသည်ကို တွေ့ရသောအခါ မေးလိုက်သည်။ " ဘာတွေ မှားနေလို့လဲ။ "

Nie Chenyuan က မော့ကြည့်ပြီး မမျှော်လင့်စွာပင် မျက်လုံးက ရပ်တန့်သွားသည်။

ဤ တစ်ကြိမ်သည် Qing Yun ပထမဆုံး အနောက်တိုင်းဝတ်စုံဝတ်တာပင်။ Qing Yun က အမြဲလိုလို ချောင်ချိသော အဖြူရောင်လေ့ကျင့်ရေး ဝတ်စုံကိုသာ ဝတ်လေ့ရှိသည်။ ယခုအခါ ကွက်တိဖြစ်နေသော ဝတ်စုံက သူ၏ ပုံရိပ်ကို အပြစ်အနာအဆာ ကင်းအောင်၊ အထူးသဖြင့် ထိုခါးတစ်ဝိုက်မှ ကောက်ကြောင်းကလေး ကို ပိုပေါ်လွင်စေသည်။ ဤပုံရိပ်ကို တွေ့သောအခါ Nie Chenyuan ၏ ခံတွင်းများ ခြောက်သွေ့လာသည်။

သူက ဖုန်းကို လက်ဖြင့် လှည့်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။  Qing Yun ကို ခါးတစ်ဝိုက်ကို ပွေ့ဖက်၍ မှန်ပေါ် တစ်ကိုယ်လုံးဖိကပ်ပြီး နမ်းရှိုက်ခဲ့သည်။ သူ၏ အပြုအမူများသည် ကြမ်းတမ်းပုံပေါ်သော်လည်း သူတို့သည် တကယ်တော့ ညင်သာပြီး တွေးပေးထားသည်။ သူက Qing Yun မည်သည့် မသက်မသာဖြစ်မှုမှ မဖြစ်ရအောင် အသေအချာ လုပ်ဆောင်ခဲ့သည်။

ဟုတ်တာပေါ့။ ထိုအခြင်းအရာသည် Qing Yun လေ့ကျင့်ထားခြင်း၏ ရလဒ်ပင်။ သူတို့ ချစ်နေကြသည့် တစ်ဝက်တစ်ပျက်တွင် သူ၏ လည်ပင်းကို ရုတ်တရက်ညှစ်ပြီး အိပ်ရာပေါ်မှ ကန်ချတတ်သည်။ သို့မဟုတ် သူတို့က ပြင်သစ်အနမ်း နက်နက်ရှိုင်းရှိုင်း နမ်းနေကြစဉ်တွင် သူ၏ အောက်ဗိုက်ကို လက်သီးဖြင့် အထိုးခံရနိုင်သည်။ Nie Chenyuan က ဤအဖြစ်များကို အကြိမ်အနည်းငယ်မျှ မက ကြုံတွေ့ဖူးသည်။ အချိန်ကြာလာသည်နှင့်အမျှ Nie Chenyuan က လိမ္မာရန် သင်ယူလာခဲ့ပြီး Qing Yun ကို သက်တောင့်သက်သာဖြစ်စေရန် သိလာခဲ့သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now