လူနာထမ်းစင်ဖြင့် Zhang Kuang ကို သယ်သွားပြီးနောက် ဒိုင်လူကြီးက အနာတစ်ခုမျှပင် မကျန်ခဲ့သော ပြိုင်ပွဲကွင်းပြင်ကို သတိထားမိပြီး ချက်ချင်း Zhang Kuang ကို ပို၍ကိုယ်ချင်းစာစိတ်များဖြင့် ကြည့်လိုက်သည်။

*****

" ဒီလောက် အားပြင်းတဲ့ ချီစွမ်းအင်နဲ့တောင် ဒီလိုထိန်းချုပ်နိုင်တယ်။ သူက နောက်ဆုံးကောင်းကင်ဘုံရဲ့ ကိုးဆင့်မြောက်ပဲ ရှိသေးတယ်ဆိုတာ မဖြစ်နိုင်ဘူး။ "Gu မိသားစုခေါင်းဆောင်က နှုတ်ခမ်းတုန်တုန်ဖြင့်ရေရွတ်လိုက်သည်။ သူ့အနောက်တွင်တော့ တိတ်ဆိတ်စွာပင်။

Lin Yuhao က မျက်နှာပြင်ကို အာရုံစူးစိုက်စွာ ကြည့်ရင်း သူ့မျက်လုံးများတွင် သွေးကြောနီများ ပေါ်လာသည်။ နီးကပ်စွာကြည့်မိလျှင် သူ၏ပိုက်ထားသော လက်များကလည်း အနည်းငယ် တုန်နေသည်ကို တွေ့ရပေမည်။

" Baby " Nie Chenyuan က သီးသန့်ခန်း၏ အခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး အပြုံးကြီးကြီးပြုံးထားသော  အဖိုးကို လျစ်လျူရှုကာ Qing Yun ဆီကိုသာ တန်းလျှောက်လာသည်။

သူ့ခြေထောက်ကို မပြီး Qing Yun က Nie Chenyuan ဆီမှ ဝေးဝေးရွှေ့လိုက်ကာ သွေးစွန်းနေသော ခန္ဓာကိုယ်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ " မင်းကို ဘယ်သူ ဝင်ခွင့် ပြုတာလဲ။ "

Nie Chenyuan က ပြုံးလိုက်ပြီး အနားကပ်ရန် ကြိုးစားသည်။ သို့သော် Nie Songping က သူ့ပုခုံးကို ပုတ်လိုက်ကာပြောသည်။ " မင်း လူဆိုးလေး။ အခုကျင့်ကြံဆင့် ဘယ်လောက်ရောက်ပြီဆိုတာ မှန်မှန်ပြောစမ်း။ နောက်ဆုံးကောင်းကင်ဘုံ ဆယ်ဆင့်မြောက် ဖြစ်ရမယ် ဟုတ်တယ် မလား။ "

ထိုစကားကို ရွှင်မြူးနေသော နှလုံးသားဖြင့် ပွင့်ပွင့်လန်းလန်း ပြုံးပြီး ပြောခဲ့သည်။

" ဒီလိုသာဆိုရင် အဲ့ကလေး Lin Yuhao ကတော့ ပြိုင်ပွဲမှာ ရှုံးတော့မယ်။ Zhang Jingguo က ဘာလုပ်မလဲဆိုတာတောင် မြင်ချင်လာပြီ။ ဟန်း."

" အဖိုး ကျွန်တော် မနက်ဖြန် သွားမှာ မဟုတ်ဘူး။ " Nie Chenyuan က Qing Yun ကို အပြုံးကလေးဖြင့် ငေးကြည့်နေသည်။

" ဘာ။ " Nie Songping က သူ့မြေးကို ကြည့်လိုက်ပြီး Qing Yun ကိုလည်း ကြည့်လိုက်သည်။ ဘာ့ကြောင့်လဲ ဆိုတာ သူနားမလည်သေးပေ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးDove le storie prendono vita. Scoprilo ora