"ထန်​ထန်​, နင့်​ကို ဒ၀မ်​သခင်​​လေးကဂရုစိုက်​တာ၊ဒီမှာနင့်​အတွက်​ ဟွင်းယန်​ ​ဆေးလုံး​တောင်​ယူလာ​ပေးတယ်​"ဟု ​အေးစက်​​သော အကြည့်​များဖြင့်​​ပြော​လေသည်​။

ယဲ့ရွှန်းမှာ ယဲ့ကျင့်​ထန်ကဒ၀မ်​ထျန်း​ယောင်​အားချစ်​သည်​ကို သေချာစွာ သိသည်​။ ယဲ့ကျင့်​ထန်​သည်​​စေ့စပ်​​ကြောင်းလမ်း ခြင်းဖျက်​သိမ်းမည်​ကို လုံးဝသ​ဘောတူမည်​မဟုတ်​​ပေ။ ဟွင်းယန်​ဆေးလုံးကိုလဲ လက်​ခံမည်​မဟုတ်​​ပေ။ သူမသည်​ဒ၀မ်​ထျန်း​ယောင်​ကို ​စေ့စပ်​​ကြောင်းလမ်းခြင်း မဖျက်​သိမ်းကိုဖို့ပင်​ ​တောင်းပန်​လိမ့်​မည်​။

နောက်​ဆုံး, ဟွင်းယန်​ ​ဆေးလုံးများမှာ ယဲ့ရွှန်းထံသို့ ​ရောက်​လာမည်​ ဖြစ်​သည်​။

သူမ ထိုကဲ့သိုယုံကြည်​ထား​သော်​လည်း၊ ယဲ့ရွှန်းသည်​ ဟန်​​ဆောင်​ကာ ယဲ့ကျင့်​ထန်​အား ​ချိုသာစွာချော့​မော့​ပြောသည်​။

ယဲ့ကျင့်​ထန်​မှာ ယဲ့ရွှန်းရဲ့ယန်​​ဆောင်​ စိုး​ရိမ်​ပြ​နေခြင်းကိုအသက်​မပါစွာကြည့်​​နေ​လေသည်​။ စိတ်​ထဲမှာလည်း ​အေးစက်​စွာပြုံးလိုက်​သည်​။

ယဲ့ကျင့်​ထန်​မှာ ယဲ့ရွှန်း ရဲ့ အမူအရာ နှင့်​ အ​တွေးများကို ကြိုတင်​ခန့်​မှန်းထားပြီးသားဖြစ်​သည်​။ အရင်​ဘ၀တုန်းက ယဲ့ကျင့်​ထန်​ဟာယဲ့ရွှန်းထင်​ထား တဲ့သူမျိုးဖြစ်​ခဲ့သည်​။

ဒ၀မ်​ထျန်း​ယောင်​ ​စေ့စပ်​ထားသည်​ကိုဖျက်​သိမ်းလို​ကြောင်း ယဲ့ကျင့်​ထန်​သိသည်​နှင့်​ ယူလာ​ပေး​သော ဆေးများနှင့်​ ဟွင်းယန်​ ဆေးလုံးများကိုပါ ငြင်းခဲ့ပြီး သူမ၏ဂုဏ်​သိက္ခာကိုမ​ထောက်​ခဲ့ပဲ သူမအားထားမသွားဖို့ အနူးအညွှတ်​ ​တောင်းပန်​ခဲ့သည်​။

ယဲ့အိမ်​​တော်​ နှင့်​သူမ အ​ဖေ၏ ဂုဏ်​သိက္ခာအား လျစ်​လျူရှု ပြီး ​သူမကိုယ်​သူမ၏အဆင့်​အတန်း နိမ့်​ကျ​သောနေရာ​ရောက်​သည်​အထိ​တောင်းပန်​ခဲ့သည်​။ ယဲ့လင်းမှာ ​ဒေါသလွန်​စွာထွက်​၍ ​သွေးအန်​သည့်​အဆင့်​ပါ​ရောက်​ခဲ့ရသည်​။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now