ချင်းယွင် ချက်ချင်းပင် သတိပြန်ဝင်သွားပြီး နျင်းချန်ယွမ်ကို ဆိုဖာပေါ်သို့ ကန်ချခဲ့ကာ ရေချိုးခန်းဆီသို့ ထွက်သွားသည်။

နျင်းချန်ယွမ်က ဆိုဖာပေါ်တွင်ထိုင်၍ ရယ်ရမလား၊ ငိုရမလားပင် မသိတော့ချေ။ " မင်းက ကစားပြီးရင် ထွက်သွားတတ်တဲ့ လူမျိုးလား။ တံတားကို ဖြတ်ပြီးတာနဲ့ ဖြိုချပစ်လိုက်ရောလား။ "

ကောင်းကင်ဘုံကျင့်ကြံသူ၏ တည်ရှိမှုက ဤကမ္ဘာမှ လုံးဝ ပျောက်ကွယ်သွားသည်။

ချင်းယွင်က စိတ်သက်သာရာရစွာ သက်ပြင်းချပြီးနောက် သွေးစွန်းနေသည့်နေရာများ၊ နျင်းချန်ယွမ်နှင့် ထိမိသွားသော နေရာများကို ရေဖြင့် ဆေးကြောလိုက်သည်။

နဂိုကတည်းက သတိထားတတ်သော လူတစ်ယောက်အနေဖြင့် ထိုအခိုက်အတန့်တွင် ချင်းယွင်က အကာအကွယ်လျှော့ချထားပုံပေါ်သော်လည်း ထိုဆိုဖာပေါ်မှလူကို လျှို့ဝှက်စွာ စစ်ဆေးကြည့်ရှုခဲ့သည်။

" ခင်ဗျားက နျင်းချန်ယွမ်လား။ " ချင်းယွင်က ဝေဝေဝါးဝါး ဖြင့် "နျင်းချန်ယွမ်"ဟူသော စကားလုံးသုံးလုံး နေရာတွင် ဖိမေးလိုက်သည်။

နျင်းချန်ယွမ်က သူ့ကို အံအားသင့်စွာ ကြည့်၍ အနည်းငယ် ပြုံးပြကာ ပြောသည်။ "မင်းက ကိုယ့်ကို သိတယ်လား။ "

သေချာတာပေါ့။

ဒီ့မတိုင်ခင် ကောင်းကင်ဘုံကျင့်ကြံသူက သူ့စိတ်ဝိညာဉ်ကို အပြီးသတ်ချေမှုန်းရန် ကြိုးပမ်းစဉ်တွင် ချင်းယွင်သည် ကောင်းကင်ဘုံကျင့်ကြံသူ၏ စွမ်းအင် အနည်းငယ်ကို အားတင်းပြီး ရယူလိုက်ကာ သေဟန်ဆောင်ခဲ့သည်။ နောက်ဆုံးတွင်တော့ ကောင်းကင်ဘုံကျင့်ကြံသူက သူ့ကိုသတ်ရန် သုံးခဲ့သော စွမ်းအင် လျော့နည်းသွားကာ သူ့ကို ဒဏ်ရာသာ ရစေခဲ့သည်။ စွမ်းအင် အကုန်လုံးက ချင်းယွင်၏ ခန္ဓာကိုယ်ပျက်စီးရန်သာ ဦးတည်ခဲ့သည်။

မည်သို့ပင်ဆိုစေ ချင်သယွင်၏ စိတ်ဝိညာဉ်ထဲတွင် ကောင်းကင်ဘုံကျင့်ကြံသူ ကျန်ခဲ့သော စွမ်းအား အနည်းငယ်ကြောင့် ဆက်တိုက် လူဝင်စားနိုင်ခဲ့သည်။

ထို့အပြင် အရေးတကြီးအချိန်တွင် စွမ်းအားနှစ်ခု တွေ့ဆုံ၍ ပေါင်းစည်းသွားသဖြင့် ချင်းယွင်၏ စိတ်ဝိညာဉ်ကို ပြန်လည်ဖွဲ့စည်းပေးခဲ့ကာ ထူးခြားသော အရည်အချင်းများ ရရှိခဲ့သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now