ကောင်းကင်ဘုံကျင့်ကြံသူက လျှို့ဝှက်ထည့်သွင်းထားသော စွမ်းအင်မှတစ်ဆင့် သတင်းအချက်အလက်တစ်ချို့ကို ချင်းယွင်ရရှိခဲ့သည်။

ဒီတစ်ကြိမ်တွင် ကံကြမ္မာ၏သားတော် မှန်ကန်ခဲ့သည်။ ချင်းယွင် ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။ သူ့ကျင့်ကြံဆင့်က မြင့်သော်လည်း ကောင်းကင်ဘုံကျင့်ကြံသူကို လုံးဝ အနိုင်မတိုက်နိုင်ပေ။

သို့သော် အမြဲတမ်းပင် နည်းလမ်းတစ်ခုတော့ရှိရမည်။

ချင်းယွင်က လက်ကိုဆန့်တန်းကာ သူ့ဓားဝိညာဉ်ကိုခေါ်၍ ချိန်ရွယ်လိုက်သည်။ သတိပင်မပေးဘဲဦးဆောင်သူကို တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်ချက် ပေါ်ထွက်ပြီးပြီးချင်းပင် ကောင်းကင်တစ်ခုလုံး မှောင်မည်းသွားသည်။

သေချာပြီ။

ချင်းယွင်၏မျက်လုံးများ၌ အလင်းတစ်ချက် တောက်ပသွားသည်။ သူသာ လိုက်နာမှုမရှိဘဲ သူ့ဝိညာဉ်နှင့် သူ့ခန္ဓာကိုယ်ကို  ဖျက်ဆီးလိုက်လျှင် ကောင်းကင်ဘုံကျင့်ကြံသူက မည်သို့တုံ့ပြန်မည်နည်းဟု သူတွေးမိသည်။

တောင်ခြေမှ ဦးဆောင်သူက ချင်းယွင်၏ တိုက်ခိုက်ချက်များကို တောင့်ခံခဲ့သည်။ သို့သော် နောက်တစ်ကြိမ်တွင် ယခင်တစ်ကြိမ်ထက် ပို၍ ပြင်းထန်ရက်စက်သော တိုက်ခိုက်ချက်များ တစ်ခုပြီးတစ်ခု ရောက်ရှိလာသည်။

တိမ်မဲများက ချင်းယွင်ပေါ်တွင် စုဝေးလာသည်။ ၎င်းတို့က မင်ရောင်ကဲ့သို့ မည်းမှောင်နေသည်။

ချင်းယွင်က ထောင်ချောက်ထဲတွင်မိနေသော သားကောင်တစ်ကောင်ကဲ့သို့ စိတ်လှုပ်ရှားနေပုံပေါ်သော်လည်း သူ့မျက်ဝန်း၏အနက်ရှိုင်းဆုံး နေရာတွင်တော့ ငြိမ်သက်အေးစက်နေသည်။ သူ့ရည်ရွယ်ချက်က တောင်ခြေရှိ ဇာတ်လိုက်မဟုတ်ပဲ ကောင်းကင်ဘုံကျင့်ကြံသူသာ ဖြစ်သည်။

နောက်ဆုံးတွင်တော့ အမဲရောင် ခပ်ဖျော့ဖျော့ မိုးကြိုးသွားသည် တိမ်များကြားမှ လွတ်ထွက်လာပြီး ချင်းယွင်ထံသို့ ဦးတည်လာသည်။

ချင်းယွင်၏ မျက်လုံးများတောက်ပသွားပြီး နှုတ်ခမ်းများ ခပ်ရေးရေး ပြုံးသွားသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now