လုရှင်းစစ်ကခေါင်း​ငြိမ့်ပြလိုက်တယ်။

လူကြီးတွေထွက်သွားတော့ လုရှင်းစစ်လဲလွတ်လွတ်လပ်လပ်ဖြစ်သွားတယ်။ သွမ့်ကျားရန်ကသူ့ထိုင်နေတဲ့နေရာကနေထလိုက်ပီး စုန့်ရိဘေးကိုသွားထိုင်လိုက်တယ်။ စုန့်ရိကသူ့လက်ချောင်းလေးပေါ်ကလက်စွပ်လေးကိုကြည့်လိုက်ပီး ပြုံးလိုက်တယ် "ရှောင်သွမ့် အခုဆိုမင်းကမိသားစုတစ်ခုရှိလာပီ"

လူကြီးတွေထွက်သွားတာစောင့်ရတာတကယ်ခက်ခဲတာပဲ သူတို့ကကစားဖို့မစောင့်နိုင်တော့ဘူး "သားလေး လာပါအုံးဒီဖေဖေကကြည့်ရအောင် လက်ထပ်ပီးတာနဲ့လက်မထပ်ခင်ဘာတွေကွာသွားလဲဆိုတာ... Fu*k ငါ့သားလေးကအခုထိချောနေဆဲချောနေမြဲ​ပဲ"

သူပြောလိုက်တဲ့အခါမှာဘေးနားကနေရယ်သံတွေထွက်လာပီးသွမ့်ကျားရန်လဲလိုက်ရယ်လိုက်တယ် "အာ့ဆို မင်းလဲတစ်ယောက်ယူလိုက်လေ"

ရှန်းချီလျင့်: "နိုး နိုး နိုး ဒီဖေဖေကအရမ်းချော​တာနဲ့တင်ရာဇဝတ်မှုမြောက်နေလောက်ပီ"

သွမ့်ကျားရန်သူ့ကိုမရယ်ခင်မှာပဲ ရှန်းချီလျင့်ကလုရှင်းစစ်ဘက်လှည့်ပီးပြောလိုက်တယ် "လုကော တစ်ခွက်လောက်သောက်ကြရအောင်"

သူကပြောပီးတော့ လုရှင်းစစ်အတွက် ဝိုင်ငှဲ့ပေးလိုက်တယ် "သူကမင်းကိုလက်ထပ်လိုက်လို့ ငါတို့တကယ်စိတ်သက်သာရာရတယ် သူကတဲ့တိုးဆန်တော့ သူ့ကိုပဲကြည့်နေတဲ့လူတစ်ယောက်ရတာတကယ်ကိုကောင်းတယ်"

သွမ့်ကျားရန်ကရေရေရာရာပြောနေတဲ့ရှန်းချီလိန်ကိုကြည့်လိုက်တယ်။ ရှန်းချီလျင့်ကဝိုင်ခွက်လေးကိုလှုပ်ရင်း လုရှင်းစစ်မျက်နှာကိုကြည့်လိုက်တယ်။

"ငါမင်းတို့နှစ်ယောက်လုံးကိုတကယ်မနာလိုတယ် စောစောတွေ့ပီးလက်ထပ်သွားတာ ငါ့သူငယ်ချင်းကိုရှုပ်ရှုပ်ထွေးထွေးကိစ္စတွေမကြုံစေဖို့ငါမျှော်လင့်တယ်" သူ့နှုတ်ခမ်းလေးကတွန့်သွားပီး အတည်ကြီးပြောနေတယ် "တကယ်လို့အနာဂတ်မှာတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ငါတို့ကသူမပျော်မရွှင်ဖြစ်နေမှာကိုသေချာပေါက်မကြည့်နိုင်ဘူး"

"အတန်းခေါင်ဆောင် သူကဒီတိုင်းပြောနေတာပါ" စုန့်ရိကပြုံးပီးဝင်ပြောလိုက်တယ် "မင်းကရှောင်သွမ့်အတွက်ကောင်းတာတွေပဲလုပ်ပေးနိုင်မှာပါ"

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now