CHAPTER 53 - Brother

14.2K 2.2K 382
                                    

Unicode

သူ့အသံကအရမ်းနီးကပ်ပီး သဘာဝကျကျနဲ့ဩရှရှလေး။

သွမ့်ကျားရန်ကသူဖက်တာခံနေရတဲ့အတွက်သူ့ခန္တာကိုယ်ကသူ့ရဲ့ရနံ့တွေနဲ့​ရောယှက်နေတယ်။

Down jacket ကလဲသွမ့်ကျားရန်ရဲ့လက်ထဲမှာကိုင်ထားပီး သူ့အဝတ်တွေကပါးပါးလေး။ လုရှင်းစစ်ကအဲ့လိုကြီးပုံကြီးလုပ်နေတာဆိုတော့ သူ့ရဲ့ခါးကိုချုပ်ကိုင်ထားတဲ့လက်တွေ ဂရုစိုက်မှုအပြည့်နဲ့ပွေ့ဖက်မှုတွေကိုသူရှင်းရှင်းလင်းလင်းခံစားနေရတယ်။

တမင်သက်သက်လားမရည်ရွယ်ရွယ်ပဲလားတော့မသိ သူ့ခါးတွေပေါ်မှာရှိနေတဲ့လက်ချောင်းတွေကအောက်ကိုနည်းနည်းလေးလျှောကျသွားတယ်။ လက်တွေရဲ့အထိအတွေ့အတိုင်းမတော်တဆပုံမျိုးနဲ့။ သွမ့်ကျားရန်သူ့ကိုမျက်စိဝေ့ပီးကြည့်လိုက်တယ်။

လုရှင်းစစ်ကတိုးတိုးလေးပြောလိုက်တယ် "မင်းကအရမ်းပိန်တယ်"

သွမ့်ကျားရန်ဦးနှောက်တွေပူလောင်နေပီး သူ့အ​သားရည်ကလဲလျှပ်စီးကြောင်းတွေဖြတ်စီးနေတဲ့အတိုင်းဖိန်းတိန်းတိန်းရှိန်းရှိန်းနဲ့။ သူသတိလက်လွတ်ကိုယ်ကိုကျုံ့လိုက်ပေမဲ့ ခန္တာကိုယ်ရဲ့တစ်ဝက်လောက်ကထုံနေတယ်။

"မင်းတွေးကြည့်စမ်းပါအုံး" သွမ့်ကျားရန်ကစိတ်လျှော့ပီး ရိုးရိုးသားသားလေးပဲမေးလိုက်တယ် "ဘယ်သူကပိုပီးဆိုးတာလဲဆိုတာကို"

လုရှင်းစစ်ကပြန်ပီးချေပမနေတော့ဘူး။

ခနကြာ​တော့ လုရှင်းစစ်သူ့အသံထဲပြုံးရိပ်သန်းသန်းလေးနဲ့ပြောတယ် "ကံကောင်းလို့ မင်းရှိနေလို့ မဟုတ်ရင် မီးရှူးမီးပန်းတွေကြားမှာငါ့မှာအရိပ်လေးတစ်ခုပဲရှိနေလိမ့်မယ်"

ကောင်းကင်မှာမီးပန်းတွေကအခုထိရှိနေတုန်းပဲ ပေါက်ထွက်လာတဲ့အသံတွေကဆောင်းရာသီ မိုးချုန်းသံလိုပဲ။

သူကပြောနေရင်း သူ့လက်မောင်းတွေကြားကသွမ့်ကျားရန်ကတောင့်တောင့်လေးဖြစ်နေတုန်းဆိုတာ​ခံစားမိတော့ တဖြည်းဖြည်းလေးလျှော့ပေးလိုက်တယ်။ တစ်ဖက်လူကတိတ်တိတ်လေးပြောလျော့လာတယ်။ လုရှင်းစစ်ကသူ့လက်ထဲကကောင်လေးကိုလွှတ်ပေးမလို့လုပ်လိုက်တယ်။

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now