CHAPTER 31 - Embrace

15.5K 2.4K 137
                                    

Unicode

လုရှင်းစစ်သီးသန့်ခန်းထဲကထွက်သွားတာတွေ့တော့ ချန်ယွဲ့အကြည့်တွေကသွမ့်ကျားရန်အပေါ်ကိုရောက်လာတယ်။

ခနလောက်ရှုပ်ထွေးသွားပီးနောက်မှာတော့တစ်ဖက်လူကmenuကိုယူပီးရှန်းချီလျင့်နဲ့ဆွေးနွေးနေတယ်။

သူ့အပေါ်မှာအကြည့်စူစူးတစ်ခုအမြဲရှိနေတယ်လို့သွမ့်ကျားရန်ခံစားရတယ်။ သူလှည့်ကြည့်လိုက်တော့ ချန်ယွဲ့ကသူ့ကိုကြည့်ပီး အတွေးထဲမှာမျောနေပုံပေါ်တယ်။

သူmenuလိုချင်နေတာလို့သွမ့်ကျားရန်ထင်လိုက်တယ်။ ရှန်းချီလျင့်သွားတော့ သူmenuကိုချန်ယွဲ့​ဆီတွန်းပေးလိုက်တယ် "မင်းဘာစားချင်လဲ မှာလေ"

ချန်ယွဲ့ကmenuကိုယူပီးမေးခွန်းကိုဖြေလိုက်တယ် "မင်းအတော်လေးကြည့်ကောင်းမှန်းငါရုတ်တရပ်သိလိုက်တယ်"

သွမ့်ကျားရန်နှိမ့်ချတတ်တဲ့ပုံလေးနဲ့ပြုံးပီးခေါင်းညိမ့်လိုက်တယ် "ကျေးဇူးပါ မင်းလဲမဆိုးပါဘူး"

ချန်ယွဲ့ခနလောက်တိတ်သွားပီးရုတ်တရပိမေးလိုက်တယ် "လုရှင်းစစ်ကကြည့်ကောင်းတယ်လို့မင်းထင်လား?"

သွမ့်ကျားရန်ကတုံ့ဆိုင်းမရှိဘူး "သေချာပေါက်ကြည့်ကောင်းတာပေါ့ ချောလဲချောတယ်သန်လဲသန်မာတယ် ငါ့ထက်တော့နည်းနည်းဆိုးတာပေါ့ကွာ"

ချန်ယွဲ့: " ... "

လုရှင်းစစ်ကစီချွမ်းစားသောက်ဆိုင်ရဲ့တံခါးပေါက်မှာရောက်​နေပီးတော့ အရမ်းတွေဝေနေတယ်။

သူစိတ်တွေလဲရှုပ်နေတယ်လို့သူခံစားရတယ်။ ဘာလို့လဲတော့မသိဘူး သူရှန်းချီလျင့်အပေါ်ကိုရန်လိုစိတ်တွေရှိနေတယ်။ ပိုပီးမရှင်းပြနိုင်တဲ့အရာကသူကသူ့ကိုလုံးရန်လဲမစဘူး အစကနေအဆုံးထိစကားတစ်ခွန်းနှစ်ခွန်းတောင်မပြော​ဘူး ရရှိတဲ့pheromone ကလဲကောင်းမွန်ပီး​ယဥ်ကျေးပျူငှာတဲ့ပုံစံပဲ။

Pheromone အကြောင်းပြောခါမှ...

ရှန်းချီလျငွနဲ့သွမ့်ကျားရန်နဲ့ကအတူတူနီးနီးကပ်ကပ်ထိုင်နေတယ်။အဲ့ဒီအရင်ကလဲနှစ်ယောက်သားကထိတွေ့မှုရှိတယ်။ သွမ့်ကျားရန်ကိုယ်ပေါ်မှာ ရှန်းချီလျင့်ပိုင်ဆိုင်တဲ့ black tea နံ့နည်းနည်းစွဲနေတုန်းပဲ။

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now