CHAPTER 3 -Male Toilet

20K 3.1K 95
                                    

Unicode

တရုတ်စာအတန်းမပီးခင်မှာ ကျောက်မင်ကျွင်းက ကကျောင်းသားတွေကိုအိမ်စာပေးပီး Li Sao ကိုဒီတစ်ပတ်အတွင်းအရကျက်ခိုင်းခဲ့တယ် ။
(Li Sao က Qu Yuan ရေးတဲ့ကဗျာတစ်ပုဒ်ပါတဲ့)

လုရှင်းစစ်ကပြတင်းပေါက်နားမှာရှိနေတဲ့အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တယ်။ သွမ့်ကျားရန် သူတို့အဖွဲ့ကိုဖျတ်ခနဲကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်ကအတန်းပြီးရုံရှိသေးတယ် ကဗျာကိုတန်းကျက်နေတာကိုတွေ့လိုက်ရတယ်။

အရင်လိုပါပဲ သွမ့်ကျားရန်ကတော့ကျက်မှာမဟုတ်ဘူး။

သူကဖုန်းလေးထုတ်ပီး စိတ်ပြောင်းဖို့ဂိမ်းတချို့ကစားဖို့ပြင်လိုက်တယ်။ အခုတလော သူ့မှာစိတ်ဖိစီးမှုတွေရှိနေတယ်။

ကျောင်းနားမှာရှိတဲ့အင်တာနက်ကဖေးမှာသူဂိမ်းကစားနေတုန်းက သူနဲ့သိတဲ့ alpha သူငယ်ချင်းတစ်ယောက်ကသူ့ပခုံးပေါ်လက်လာတင်တယ်။ ဘာကြောင့်လဲတော့မသိဘူး သူ့ခန္တာကိုယ်ထဲမှာရှိတဲ့ဆဲလ်တွေတိုင်းက သူ့သူငယ်ချင်းသူ့အနားကပ်လာတာကိုငြင်းဆန်နေသလိုပဲ။ သူခေါင်းမာမာနဲ့တောင့်ခံထားလို့ မဟုတ်ရင် သူ့သူငယ်ချင်းကိုအဝေးကိုတွန်းထုတ်မိလိမ့်မယ်။

သူဂိမ်းကစားမလို့ပြင်နေတုန်းမှာပဲ စုန့်ရိက message တစ်ခုပို့လာတယ်။ စုန့်ရိကသူ့ဘေးမှာထိုင်ပီးသူ့ကိုဘာလို့ message ပို့လဲဆိုပီးသွမ့်ကျားရန် ထူးဆန်းသလိုခံစားနေရတယ်။ သူဖွင့်ကြည့်လိုက်တော့ လုရှင်းစစ်ရဲ့ပုံတစ်ပုံဖြစ်နေတယ်။

လုရှင်းစစ်ပုံက လေ့ကျင့်ခန်းခုမှလုပ်ပီးပုံပေါ်တယ်။ သူ့ဆံပင်လေးကစိုထိုင်းထိုင်းလေး သူ့လက်ပေါ်ကကြွက်သားတွေကလဲ ချွေးလေးစို့နေပီး ချောမွေ့နေတာပဲ။

သူက ရေဗူးတစ်ဗူးကိုကိုင်ပီး ရေသောက်နေတယ်။ ​သူရဲ့ကျောက်သလင်းလိုကြည်လင်နေတဲ့ မျက်လုံးအစုံကို မျက်ခွံလေးကတစ်ဝက်တစ်ပြတ်ဖုံးအုပ်ထားတယ်။တစ်စုံတစ်ယောက်က ဒီပုံကနေလူငယ်ဆန်မှုလေးကိုခံစားနိုင်တယ်။

ပုံတစ်ခုလုံးကနေ pheromone တွေစိမ့်ထွက်နေသလိုပဲ ပီးတော့အဲ့တာက ခိုးရိုက်ထားမှန်းရှင်းနေတာပဲလေ။

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now