CHAPTER 49 - Stay Overnight

12.5K 2.1K 71
                                    

Unicode

သူတို့ရဲ့နေရာကအတော်လေးမြင့်တယ်။ သူတို့တွေပြေးတဲ့အခါမှာ သဘာဝကျကျပဲသူတို့ကရှေ့ကနေဦးဆောင်ပြေးနေတယ်။

Ning Cheng ရဲ့​အကျော်ကြားဆုံးနေရာတစ်ခုဖြစ်တဲ့ University Town ကနေစပြေးခဲ့တယ်။ဆောင်းနှောင်းရဲ့ညပိုင်းတွေမှာ ကန်ဘေးကသစ်ပင်တွေကပြောင်ရှင်းနေပီး လမ်းဘေးတစ်ဖက်တစ်ချက်မှာ နင်းလိုက်ရင်မီးခိုးရောင်ပြောင်းသွားတဲ့နှင်းတွေပဲရှိနေတယ်။

ခနလောက်ပြေးပီးသွားတဲ့အခါမှာ လူတွေကလဲတဖြည်းဖြည်းကျဲသွားတယ်။ သွမ့်ကျားရန်ကအဖွဲ့ထဲမှာ ဆိုင်းငံ့ခြင်းမရှိဘဲပြေးနေတာတွေ့တော့ သူ့ဘေးကကောင်လေးကသွမ့်ကျားရန်ကိုလှမ်းအော်တယ်။

"ရောင်းရင်း ဘယ်ကျောင်းကလဲ?" စကားပြောတဲ့ကောင်လေးကသူနဲ့လုရှင်းစစ်ကိုသေချာကြည့်နေပီး "မင်းတို့ fluorescent ring လေးတွေကြည့်ရအောင် နင်းဆေးတက္ကသိုလ်ကလား? ကျောင်းကဘယ်တစ်ခုလဲ?"

သွမ့်ကျားရန်: "မဟုတ်ဘူး ဒါကအစ်မတစ်ယောက်ဒီတိုင်းပဲပေးတာ"

လုရှင်းစစ်: "ကျွန်တော်တို့နှစ်ယောက်လုံးအထက်တန်းကျောင်းသားတွေ"

ကောင်လေးကလိုက်ပြောတယ်: "အထက်တန်းကျောင်း"

အမျိုးသား အမျိုးသမီးတွေက သူတို့ကအထက်တန်းကျောင်းသားလို့ပြောတာကြားတော့ စိတ်ဝင်တစားကြည့်လာကြတယ် "မင်းတို့ကအတန်းလစ်လာတာလား? အ​တွဲတွေလား?"

လုရှင်းစစ်: "မဟုတ်ပါဘူး ကျွန်တော်ကသူ့..."

သူကအစတုန်းကသူ့ရဲ့အတန်းဖော်လို့ပြောမလို့ဘဲ​ဒါပေမဲ့နောက်တော့စကားလုံးတစ်ခုသူ့စိတ်ထဲရောက်လာတယ်။ လုရှင်းစစ်: "သူ့ရဲ့ပိုးပန်းသူ"

ကောင်လေးတွေကနားထောင်ပီး ရယ်လိုက်တယ်။

ကောင်မလေးတွေကလဲသူနဲ့သွမ့်ကျားရန်ကိုတိတ်တိတ်လေးလေ့လာရင်းရယ်နေကြတယ်။

သွမ့်ကျားရန်ကခေါင်းလေးမော့ပီး ဘာအမူအရာမှမရှိဘဲလုရှင်းစစ်ကိုကြည့်ပီးရယ်တယ်။

လုရှင်းစစ်ကသူ့ရဲ့အကြည့်ကိုရတော့ ဖွဖွလေးပြုံးလိုက်ပီး ဟန်ဆောင်မူရာပိုပြတယ် "ကျောင်းလူဆိုးလေးကလဲ ငါ့ကိုမရယ်ပါနဲ့ ငါနည်းနည်းတောင်ရှက်လာပီ"

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now