CHAPTER 26 - Gossip

14.7K 2.3K 26
                                    

Unicode

အဲ့စကားထွက်လာတဲ့အချိန်မှာချောင်းနန်နဲ့နှုတ်ခမ်းအကွေးလေးပွင့်ဟသွားတာကို သွမ့်ကျားရန်ရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်။

လေထဲမှာရှိတဲ့သံချေးနံ့ကအထက်အောက်ပွဖောင်းလာပီး မွန်းကျပ်စေတဲ့လေထုကသွမ့်ကျားရန်ခေါင်းကနေခြေအထိဖြတ်သန်းနေတယ်။

ချောင်းနန်ရဲ့အသံကနည်းနည်းတုန်နေတယ်။သူ့သူငယ်အိမ်ထဲမှာလဲမူမမှန်တဲ့ အရူးအမူးဖြစ်မှုတွေရှိနေတယ်။

သူကစိတ်လှုပ်ရှားနေတယ်။

"မင်းစိတ်တိုနေတာလား အားရယ့်"

အစွန်းဖက်နားလေးမှာရှိနေတဲ့ လုရှင်းစစ်ကိုဘယ်သူမှကွဲကွဲပြားပြားမမြင်ရဘူး။

ကောင်လေးရဲ့မျက်လုံးတွေကသူ့ကိုယ်ပေါ်ကဖြတ်စီးသွားတဲ့မိုးရေစက်လေးတွေကိုငုံ့ကြည့်နေတယ်။ သူ့မျက်လုံးတွေကတော့အေးစက်နေတာပဲ။

သွမ့်ကျားရန်ထွက်သွားတဲ့အချိန်မှာ သူနဲ့သွမ့်ကျားရန်ကြားကလေထုကအထင်လွဲစရာ​ဖြစ်နေတာကိုချောင်းနန်တွေ့တော့ ရှင်းပြဖို့အခွင့်အရေးယူချင်နေတယ်။

ချောင်းနန်က သွမ့်ကျားရန်ထွက်သွားပီးတော့လိုက်သွားတာ။ လုရှင်းစစ်ကနဲနဲထူးဆန်းသလိုခံစားရလို့သူတို့နောက်လိုက်လာခဲ့တာ။

"ငါ့ကြောင့်မင်းမပျော်မရွှင်ဖြစ်သွားတာ" ချောင်းနန်ရဲ့အကြည့်တွေကသွမ့်ကျားရန်မျက်နှာမှာပဲကပ်တွယ်နေတယ်။ သူ့အသံထဲမှာနိမ့်ကျတဲ့အရိပ်အယောင်တွေ​ပါဝင်နေတယ်။ "ဒေါသထွက်တာလေးကချစ်စရာကောင်းတယ်"

လုရှင်းစစ်အကြည့်တွေကဗလာဖြစ်သွားတယ်။

သူတို့မမြင်ရတဲ့နေရာကနေalpha တစ်ယောက်ရဲ့ pheromone တွေကအလွန့်အလွန်ကိုဖိနှိပ်နိုင်ပီး မကျေနပ်မှုတွေကလဲပေါက်ကွဲထွက်လုနီးပါးပဲ။

သူက​အရှေ့ကိုထွက်လာတယ်။

သွမ့်ကျားရန်ကချောင်းနန်ကိုကြည့်လိုက်ပီးရုတ်တရပ်ပြုံးလိုက်တယ်။

သူဘာတွေတွေးနေတာလဲဆိုတာတော့မသိဘူး သူ့နှုတ်ခမ်းတွေကအပေါ်ကိုတွန့်တက်သွားပီးလေးလေးပင်ပင်ပြောလိုက်တယ် "ချောင်းနန်မင်းကြည့်ရတာရုပ်ဆိုးတယ်"

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now