CHAPTER 28 - Rain Alley

14.1K 2.4K 173
                                    

Unicode

တစ်ညပီးသွားတော့ forum ရဲ့ homepage မှာရှိနေတဲ့ posts တွေကကျဆင်းသွားချင်းမရှိတဲ့အပြင်ပိုပိုပီးစည်ကားလာလိမ့်မယ်လို့သွမ့်ကျားရန်မျှော်လင့်မထားခဲ့ဘူး။

သူနိုးလာတော့ သူနဲနဲပင်ပန်းနေသလိုခြေလက်တွေလဲထုံနေတယ်လို့ခံစားရတယ်။ စုန့်ရိကအိပ်ယာကထလာတော့ဂရုတစိုက်နဲ့တရှုံ့ရှုံ့အနံ့ခံပီးရုတ်တရပ်သူ့ဘက်ကိုခေါင်းလှည့်လာတယ် "ရှောင်သွမ့် ငါမင်း pheromone နံ့ရနေသလိုပဲ မင်း...?"

သွမ့်ကျားရန်မပီမပြင်လေးနှာမှုတ်လိုက်တယ်။

အချိန်ကိုတွက်ကြည့်မယ်ဆိုရင် သူ့ရဲ့estrusကာလကရောက်သင့်နေပီပဲ။ ဒီအချိန်မှာလက္ခဏာတွေမရှိပေမဲ့လဲ အဲ့တာကိုကာကွယ်ဖို့အတွက်သွမ့်ကျားရန်သူ့ကိုသူ inhibitor ထိုးထားလိုက်တယ်။

အဲ့​တာတွေလုပ်ပီးသွားတော့ သူ့ဖုန်းကို​ကြည့်လိုက်တယ်။ ရှန်းချီလျင့်အပါအဝင် သူနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့ကောင်လေးတော်တော်များများကသူ့ကို post နဲ့ပတ်သက်ပီးမေးထားကြတယ်။

ရှန်းချီလျင်: [သားလေး! မင်းတကယ်လုရှင်းစစ်နဲ့အဆင်ပြေပြေနေ​နေကြတာလား? မင်းလုပ်ဖို့ကြိုးစားနေတဲ့အရာကတော်တော်လေးပြင်းထန်တယ်နော် မင်းကြောက်ရွံ့သွားလိမ့်မယ်]

သွမ့်ကျားရန်မျက်ခွံတွေကတစ်ဝက်ပိတ်နေပီး လူကလဲစိတ်ရှုပ်နေတုန်းပဲရှိသေးတယ်။ သူတကယ်လို့ရှန်းချီလျင့်ကိုတွေ့မယ်ဆိုရင် ရှင်းရှင်းလင်းလင်းသိသွားရအောင်မနက်စောစောစီးစီသူ့မျက်နှာကိုရိုက်ပစ်လိုက်ချင်တယ်။

ရှန်းချီလျင့်: [လုပ်တာကလုပ်လို့ရပါတယ် ဒါပေမဲ့မင်းမလုပ်ခင် မင်းရှင်းရှင်းလင်းလင်းမေးရမယ် လုရှင်းစစ်ကငါ့ရဲ့ချွေးမလေးဖြစ်နိုင်လားဆိုတာ?]

သွမ့်ကျားရန်: [သွေးသောက်ညီအစ်ကို]

ရှန်းချီလိန်: [ ... ]

သွမ့်ကျားရန်: [တစ်နေ့မှာမင်းနဲ့ငါနဲ့ကသူငယ်ချင်းစည်းကိုကျော်ပီး လက်ထပ်တဲ့ဘုရားကျောင်းထဲကိုခြေလှမ်းနိုင်မယ်လို့မင်းထင်နေတာလား?]

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now