CHAPTER 4 - Fight

18.7K 3.2K 121
                                    

Unicode

လုရှင်းစစ်ပြန်လာတော့ သွမ့်ကျားရန်စိတ်ထဲမှာရှုပ်ထွေးနေတယ်။

တစ်ဖက်လူထွက်သွားတုန်းက သူလွင့်မျောနေသလိုခံစားချက်ကတစ်ဝက်လောက်သက်သာသွားတယ်။ ဒါပေမဲ့ လုရှင်းစစ်ပြန်ရောက်လာတော့ သူ့ခန္တာထဲမှာခလုတ်တစ်ခုရှိနေသလိုခံစားရတယ်။ ခလုတ်ဖွင့်လိုက်ရင် သူကိုယ်တိုင်တောင်မသိလိုက်ဘဲလုရှင်းစီ နားပိုကပ်ချင်လာတယ်။

အရင်တုန်းကစုန့်ရိ သူ့ကိုပြောတာကိုပြန်သတိရ​သွားတယ်။ လုရှင်းစစ်ကိုကြည့်ရုံလေးနဲ့တင် တစ်စုံတစ်ယောက်ကိုသူ့နားကိုပိုကပ်ချင်စိတ်ဖြစ်စေတယ်တဲ့။ အဲ့ဒီတုန်းကသူ စုန့်ရိကိုတောင် self contol မရှိလို့လှောင်ပြောင်ခဲ့သေးတယ်။

မှားတယ် ။သူတကယ်ကိုမှားတယ်။

သွမ့်ကျားရန်ကထိန်းချုပ်မှုပျောက်ဆုံးတဲ့ခံစားချက်ကိုတကယ်မကြိုက်ဘူး။ သူလုရှင်းစစ်လက်ထဲက​ ရနံ့တားဆေးကိုယူလိုက်ပီး ကျေးဇူးတင်ပါတယ်လို့ တိုးတိုးလေးနဲ့မြန်မြန်ပြောလိုက်တယ်။

သူ့လက်ထဲကပစ္စည်းလေးက spray ဗူးလေးနဲ့တူတယ်။ သူအရင်တုန်းကစုန့်ရိ သုံးတာမြင်ဖူးတယ်။ သူလဲသူ့ကိုယ်အပေါ်ကိုအကြိမ်အနည်းငယ်လောက်ဖျန်းလိုက်တယ်။ သူ့ကသူ့ရဲ့ pheromone ကိုအနံ့ခံလို့မရတော့ လုရှင်းစစ်ကိုပဲအကူအညီတောင်းလိုက်တယ်။

" အနံ့ကျန်နေသေးလား "

Omega တစ်ယောက်ရဲ့ရနံ့က တားဆေးရနံ့နဲ့ဖုံးသွားတယ်။စုန့်ရိရဲ့ရနံ့တားဆေးလေးက နို့နံ့လေးတောင်ထွက်နေသေးတယ်။ လုရှင်းစစ်ကသူ့ကိုကြည့်လိုက်တယ်။ "မရှိတော့ဘူးထင်တာပဲ "

လုရှင်းစစ်ကသူနဲ့အဝေးကြီးမှာရပ်နေလို့ သွမ့်ကျားရန်လုံးဝကြီးတော့စိတ်သက်သာရမရသေးဘူး။

ရနံ့တားဆေးထဲမှာ လူ့တစ်ယောက်ကိုတည်ငြိမ်စေတဲ့ ပစ္စည်းတွေပါဝင်လောက်တယ်။ သွမ့်ကျားရန် ကဗူးတစ်ဝက်လောက်ဖျန်းပီးတော့ ခေါင်းလဲမကိုက်တော့ဘူး။ လူတစ်ကိုယ်လုံးကလုံးဝကိုလန်းဆန်းနေတာပဲ။

" မင်းကအဝေးကြီးမှာရပ်နေတာကြီးကို ခနလောက်လာအနံ့ခံကြည့်ပါလား " သွမ့်ကျားရန်ကသူ့အင်္ကျီကော်လံလေးကိုအောက်ကိုဆွဲချပီး သူ့ gland တွေနေရာကိုညွှန်ပြတယ်။

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now