CHATEPR 47 - Parent Meeting

11.9K 2.2K 134
                                    

Unicode

စာမေးပွဲပီးသွားတော့ကျောင်းသားမိဘတွေ့ဆုံပွဲကျင်းပတယ်။

Class 10 ကမိဘတွေကိုကသောကြာနေ့စီစဥ်ထားတယ်။ သွမ့်ကျားရန်ကဖူ့ယွမ်ကို ရက်ပြောပြတော့ တစ်ဖက်လူကသူ့ကိုအချိန် နေရာအတိအကျမေးပီးတော့လာခဲ့မယ်လို့ကတိပေးတယ်။

ကျောင်းသားမိဘတွေ့ဆုံပွဲကအတန်းကြီးချိန်မှာစပီး နေ့လည်ခင်းကျပြီးဆုံးမှာဖြစ်တယ်။

ဖူ့ယွမ်ရောက်လာတဲ့အခါမှာသွမ့်ကျားရန်ကဘာမှလုပ်မနေဘူး။ ခနလောက်စဥ်းစားပီးတော့ အပြင်ထွက်ပီး snack အချို့ဝယ်ဖို့ဆုံးဖြတ်လိုက်တယ်။

သူ coke တစ်ဗူးနဲ့ အားလူးကြော်တစ်ထုပ်ဝယ်ဖို့ canteen ကိုသွားလိုက်တယ်။ သူထွက်လာတော့ coupe ကားလေးတစ်စီးကသူ့ရှေ့မှာရပ်လိုက်တာနဲ့တိုက်တိုက်ဆိုင်ဆိုင်ဖြစ်သွားတယ်။

သွမ့်ကျားရန်ကသိပ်ပီးဂရုစိုက်မနေပဲ ထွက်သွားမလို့လုပ်လိုက်ပေမဲ့ ကားပေါ်ကဆင်းလာတဲ့ကျန်းယောင်ကသူ့ကိုမြင်တော့ မျက်လုံးတွေကတန့်သွားတယ်။

သူမကသူ့ရှေ့ကကောင်လေးကိုစေ့စေ့စပ်စပ်ကြည့်လိုက်တယ်။

အများနဲ့မတူတဲ့ဆံပင်အရောင် မျက်ခုံးမွှေးအရောင် သူငယ်အိမ်ကြည်ကြည်လင်လင်လေး ပီးတော့အရပ် အားလုံးက ရှာဖွေထားတဲ့အချက်အ​လက်နဲ့ဆင်တူတယ်။

လုရှင်းစစ်ရဲ့ susceptibility ကာလကိုတွေးမိတော့ ကျန်းယောင်ကခနလောက်တွေဝေသွားပီး လှမ်းခေါ်လိုက်တယ် "ကျောင်းသားလေး?"

ဘေးပတ်ပတ်လည်မှာသူတစ်ယောက်တည်းရှိတဲ့အတွက်သွမ့်ကျားရန်ကအသံကိုကြားတော့ရပ်လိုက်တယ်။

သူကျန်းယောင်ကိုပြန်ကြည့်လိုက်တယ်။ အမျိုးသမီးကြီးရဲ့မျက်ခုံးလေးတွေကလှပပီးတော့ သူမရဲ့ခန္တာကိုယ်လေးကသွယ်လျတယ်။ ပီးတော့ စိတ်နေသဘောထားကလဲ တင့်တယ်လှတယ်။ သွမ့်ကျားရန်ကျောင်းသားတစ်ယောက်ရဲ့မိဘဖြစ်မယ်လို့တွေးလိုက်ပီး ယဥ်ယဥ်ကျေးကျေးလေးပြန်ဖြေလိုက်တယ် "မင်္ဂလာပါ "

ကျန်းယောင်ကသူ့ကို​ပြုံးပြတယ် "အန်တီကအန်တီးသားအတွက်ကျောင်းသားမိဘတွေ့ဆုံပွဲကိုလာတာ ဒါပေမဲ့ အထက်တန်းသင်ကြားရေးအဆောက်အဦးကဘယ်နေရာမှာရှိမှန်းမသိလို့ သားကရိကျုံးကကျောင်းသားပဲမလား?"

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now