CHAPTER 40 - Confession

14.5K 2.3K 270
                                    

media ကဟာကိုနောက်ဆုံးမှကြည့်ကြနော် နောက်အပိုင်းအတွက်ပါပါတာဒီထဲမှာက


Unicode

လုရှင်းစစ်အသံကသိပ်မကျယ်ပေမဲ့​လဲသူ့နားကလူတွေကတော့ရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်။

စုန့်ရိအကြည့်ကလုရှင်းစစ်ကိုဖြတ်ပီးသွမ့်ကျားရန်ပေါ်ရောက်သွားတယ်။ တစ်ဖက်လူကကြောင်သွားပီးနောက်တော့လုရှင်းစစ်ကိုပြုံးကြည့်လိုက်တယ် "တကယ်လား?ငါနည်းနည်းတောင်ရှက်သွားပီ"

သူကရှက်တယ်ပြောနေပေမဲ့လဲ သူ့မျက်နှာကပျော်ရွှင်ပီးပြုံးနေတာပဲနည်းနည်းမှရှက်တဲ့ပုံမပေါ်ဘူး။

အဲ့ဒီအချိန်မှာပဲညပိုင်းစာကြည့်ချိန်ခေါင်းလောင်းသံမြည်လာတယ်။

သွမ့်ကျားရန်ကတစ်ခုခုကိုရုတ်တရပ်သတိရသွားပီး လုရှင်းစစ်နဲ့ချန်ယွဲ့ကိုမျက်နှာမူလိုက်တယ်။

"မင်းတို့ သောကြာနေ့ညကျအချိန်ရှိလား?ငါ့မွေးနေ့မို့မင်းတို့ကိုည​စာကျွေးချင်လို့" သူကခနရပ်လိုက်တယ် "ဆောင်းရာသီညတွေအတွက် ဟိုတလောကမှဖွင့်တဲ့ အပန်းဖြေဥယျာဥ်တစ်ခုရှိတယ် ငါကြားတာတော့အဲ့ဒီမှာအရမ်းပျော်စရာကောင်းတယ်တဲ့ ညစာစားပီးရင်အဲ့ဒီကိုငါသွားချင်တယ် မင်းတို့မှာအချိန်ရှိလား?"

သင်္ချာဆရာကအခန်းထဲဝင်လာပီးအတန်းထဲကကျောင်းသားတွေကိုနှုတ်ဆက်လိုက်တယ်။သူစင်ပေါ်ကိုတက်လာတဲ့အခါမှာတော့နောက်ကိုလှည့်ပီးစကားပြောနေတဲ့သွမ့်ကျားရန်ကိုတွေ့လိုက်တယ်။

"ရှိတယ်" လုရှင်းစစ်ကသူ့ကိုသတိပေးလိုက်တယ် "ဆရာကမင်းကိုကြည့်နေတယ်"

သွမ့်ကျားရန်ကခပ်မြန်မြန်ပဲနောက်ကို​လှည့်လိုက်တယ်။

ချန်ယွဲ့: "ဟုတ််တယ် မင်းအသက်ဘယ်လောက်လဲ?၁၇ လား?"

သွမ့်ကျားရန်ကခေါင်းညိမ့်လိုက်ပီး ထိုင်ခုံကို​မှီလိုက်ပီး နည်းနည်းပဲဖြစ်ဖြစ်စကားဆက်ပြောဖို့ကြိုးစားနေတယ်။

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now