CHAPTER 32 - Hand In Hand

14.6K 2.4K 222
                                    

Unicode

ခနလောက်ပွေ့ဖက်ပီးသွားတော့တစ်ဖက်လူရဲ့လက်က​ဖြည်းဖြည်းချင်းစီလျော့သွားတော့ သွမ့်ကျားရန်လဲနောက်ကိုခြေတစ်လှမ်းဆုတ်လိုက်ပီး လုရှင်းစစ်လက်မောင်းတွေကြားထဲကနေထွက်လာလိုက်တယ်။

လုရှင်းစစ်ရဲ့ pheromone ကသွမ့်ကျားရန်ကိုသက်သောင့်သက်သာဖြစ်စေတယ်။ သူလေထုထဲကသံပုရာနံ့လေးလွင့်မျောနေတာကို ခံစားလို့ရတယ်။ သွမ့်ကျားရန်ပြုံးပီးပြောလိုက်တယ် "ငါ့ကိုယ်ပေါ်မှာဆွဲဆောင်မှုတွေရှိသွားပီလား?"

လုရှင်းစစ်စကားပြောမှာကိုမစောင့်ဘဲသူကဆက်ပြောလိုက်တယ် "မင်းပြောကြည့်ငါကျန်းချီနျန်ကိုလိုက်ပီးပြောရင် သူကငါ့ကိုသတိထားမိမှာလား"

လုရှင်းစစ်: "အဲ့တာကအလုပ်မဖြစ်သေးဘူး"

သွမ့်ကျားရန်ကပြုံးပီးနှာမှုတ်လိုက်တယ်။

သူဒီအချိန်မှာအဆောင်ကိုပြန်ဖို့မစဥ်းစားသေးဘူး။ သူကအဲ့တာကိုတွေးလိုက်မိတော့ သွမ့်ကျားရန်လုရှင်းစစ်ကိုပြောလိုက်တယ် "ငါအင်တာနက်ကဖေးကိုသွားချင်သေးတယ် မင်းအရင်ပြန်သင့်တယ်"

"စုန့်ရိနဲ့လား?"

"စုန့်ရိကဒီနေ့..."သွမ့်ကျားရန်ကခနလောက်​တန့်သွားပီး estrus ဆိုတာကိုတော့မပြောတော့ဘူး "သူခုတလောသက်သောင့်သက်သာမဖြစ်ဘူး ငါရှန်းချီလျင့်ကိုပဲရှာလိုက်မယ်"

သူကပြောပီးတော့ ခေါင်းငုံ့ပီးဖုန်းကိုထိလိုက်တယ်။

လုရှင်းစစ်ကခေါင်းလေးငုံ့ပီးသွမ့်ကျားရန်ကို​ခနကြည့်လိုက်တယ်။

"ငါလဲonline game ကစားချင်တယ်" လုရှင်းစစ်ကရုတ်တရပ်ပြောလိုက်တယ် "မင်းငါနဲ့နှစ်ယောက်အတူတူသွားချင်လား? ရှန်းချီလျင့်ကအတန်းမပီးသေးဘူး မင်းသူ့ကိုစောင့်နေရလိမ့်မယ်"

သွမ့်ကျားရန်လက်ချောင်းလေးတွေရပ်တန့်သွားတယ်။

သူခနလောက်တွေဝေသွားပီးတော့အဲ့တာကမှန်တယ်လို့ခံစားလိုက်ရတယ်။ သူကလုရှင်းစစ်ကိုမော့ကြည့်လိုက်ပီး တုံ့ဆိုင်းသွားတယ် "မင်းအိမ်ကိုပြန်ရမှာမလား? ငါကနောက်ကျတဲ့အထိကစားတာ"

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now