Extra 1

14.8K 1.9K 88
                                    

Unicode

စက်တင်ဘာလအစောပိုင်းမှာ ကောလိပ်တွတက္ကသိုလ်တွေကလဲကျောင်းသားသစ်တွေစပီးလက်ခံတယ်။

သွမ့်ကျားရန်ရဲ့တက္ကသိုလ်ကလုရှင်းစစ်နဲ့လမ်းတစ်လမ်းပဲရှားတယ်။ လမ်းရဲ့ဟိုတစ်ဖက်မှာကကျောင်းလူဆိုလေးတက်ချင်တဲ့ ကောလိပ် D ဖြစ်ပီးတော့ သွမ့်ကျားရန်ကကောလိပ် A မှာတက်ရတယ်။

ကောလိပ် A ကလဲကျောင်းကောင်းတစ်ခုဖြစ်တယ်။ ကောလိပ်ကျောင်းတွေကိုအဆင့်ခွဲကြည့်မယ်ဆိုရင်တော့ သိပ်မဆိုးလှဘူးပြောရမယ်။ ဒါပေမဲ့ဟိုဘက်က အ​ကျော်ကြားဆုံးကျောင်းနဲ့ယှဥ်ကြည့်ရင်တော့ နည်းနည်းကမောက်မကနိုင်တယ်​။

အစီရင်ခံစာတင်တဲ့နေ့မှာ သွမ့်ကျားရန်က suitcase လေးဆွဲပီး အဆောင်တံခါးဆီကိုလမ်းလျှောက်သွားလိုက်တော့ သူ့ရဲ့အခန်းဖော်နှစ်ယောက်ကိုတွေ့လိုက်ရတယ်။

တစ်ယောက်က baby face လေးနဲ့ဖြစ်ပီး နောက်တစ်ယောက်ကဖြူဖတ်ဖြူရော်ခုထိအိပ်ယာကမနိုးသေးတဲ့ပုံပေါက်နေတယ်။

Baby face လေးကပြောနေတယ် "ငါကိုယုံပါဆိုကွာ! သောက်ရမ်းကြီးကိုချောလွန်းပါတယ်ဆို!"

သွမ့်ကျားရန်က​ဝင်ပြောလိုက်တယ် "မင်းကိုယုံပါတယ်!သောရမ်းကြီးကိုချောလွန်းတယ်!"

အခန်းထဲကလူနှစ်ယောက်ကတစ်ချိန်တည်းပဲသူ့ဆီကိုလှည့်ကြည့်လာတယ်။ သွမ့်ကျားရန်ကသူတို့နှစ်ယောက်နဲ့အကြည့်ချင်းဆုံလိုက်ပီး နှုတ်ဆက်လိုက်တယ် "Hello"

"Hello, hello" baby face လေးကတက်တက်ကြွကြွပြောတယ် "အခန်းဖော်အသစ်လား?"

အိပ်ချင်မူးတူးနဲ့ဟာလေးကသေချာပြူးကြည့်ပီး ရုတ်တရပ်ပြောလာတယ် "အခန်းဖော်အသစ်ကလဲအရမ်းချောတယ် မင်းပြောတဲ့တက္ကသိုလ်ကျောင်းသားကသူ့တစ်ဝက်လောက်ချောလား?"

"အတူတူလောက်ပါပဲ" baby face လေးကသွမ့်ကျားကိုကြည့်လိုက်ပီး သင့်သင့်တော်တော်လေးဖြေတယ် "တစ်ယောက်တစ်မျိုးစီပေါ့ကွာ"

"ဟုတ်ပါပီ" အိပ်ချင်မူးတူးဟာလေးကခေါင်းညိမ့်လိုက်တယ် "မင်းလေကြီးနေတာ"

" ... "

သွမ့်ကျားရန်ကသူတို့ချင်းအတော်လေး ရင်းနှီးပုံရတာကိုတွေ့တော့ သိလိုစိတ်နဲ့မေးလိုက်တယ် "မင်းတို့အချင်းချင်းသိတယ်လား?"

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now