CHAPTER 56 - Cold

12.6K 2.1K 105
                                    

Unicode

စာသင်ခန်းထဲမှာနမ်းရတာကသွမ့်ကျားရန်ထင်တာထက်ပိုပီးစိတ်မရှည်စရာကောင်း​တယ်။

သူ့မျက်လုံးတွေကပိတ်ထားပီး သူ့နှုတ်ခမ်းတွေကခပ်နွေးနွေးအထိအတွေ့လေးဆီမှာလိုက်ပီးလှုပ်ရှားနေရတယ်။

ဘေးနားမှာဆူညံနေပီး ကျောင်းသားတွေရဲ့အသံကနေရာတိုင်းမှာလိုပဲ။ သွမ့်ကျားရန်နည်းနည်းတော့စိတ်ရှုပ်ရတယ်။

နမ်း​တဲ့အခါမှာသူတို့တွေကသွားရည်တွေအပြန်အလှန်လဲလှယ်နေပီး လုရှင်းစစ်ရဲ့ pheromone တွေကိုသူလည်ချောင်းထဲကိုမျိုချရတဲ့အခါမှာတော့ သူစိတ်ထဲမှာနည်းနည်းနွေးထွေး​နေတယ်။

"ရှောင်သွမ့် မင်းမှာမုန့်ရှိသေးလား?" စုန့်ရိအသံကရှေ့တန်းကနေထွက်လာတယ် "ငါနည်းနည်းဗိုက်ဆာနေလို့"

သူ့မှာမုန့်တွေရှိတယ်ဆိုတာစုန့်ရိကသိတယ်။ သွမ့်ကျားရန်ကပြန်ပြောချင်ပေမဲ့လဲ သူ့ပါးစပ်ကထွက်တဲ့အသံကတစ်ဖက်လူရဲ့ပါးစပ်ထဲမှာပဲပျောက်ကွယ်သွားတယ်။

သူလုရှင်းစစ်ကိုမြန်မြန်တွန်းလိုက်တယ်။ တစ်ဖက်လူကဘာကိုမှမသိဘဲနမ်းနေတော့တာပဲ။

"ရှောင်သွမ့်" စုန့်ရိကပြောရင်းခေါင်းလှည့်လာတယ် "မင်းဘာ –"

စုန့်ရိအနောက်တန်းကအခြေအနေကို​မြင်သွားတယ်။ သူသွမ့်ကျားရန်ကိုမတွေ့ဘူး အဲ့ဒီအစားလုရှင်းစစ်ကခေါင်းကြီးငုံ့ထားတယ်။စုန့်ရိကြောင်သွားပေမဲ့ဘာတွေဖြစ်နေလဲဆိုတာချက်ချင်းနားလည်သွားတယ်။

စုန်ရိအသံကချက်ချင်းရပ်သွားပီး အရှေ့ကိုတိတ်တိတ်လေး​ပြန်လှည့်လိုက်တယ်။ မျက်လုံးတွေကမထိန်းနိုင်ဘဲ စာသင်ခန်းရဲ့အရှေ့ကို​ကြည့်လိုက်တယ်။

စောင့်ကြည့်ပေးတဲ့ဆရာကထွက်သွားပီ ကံကောင်းလို့ဒီရက်ပိုင်းတွေမှာဆက်တိုက်စောင့်မကြည့်တာ မဟုတ်ရင်တော့...

ခနကြာတော့...

အနောက်တန်းကနေလှုပ်ရှားသံတွေကိုစုန့်ရိကြားတော့ မထိန်းနိုင်ဘဲနောက်ကိုလှည့်ကြည့်လိုက်တယ်။

ဒီအချိန်မှာတော့ နောက်တန်းကနှစ်ယောက်ကသူတို့ခုံတွေဆီကိုပြန်ရောက်နေပီ။ သူတို့နှစ်ယောက်ထိုင်နေတာများပူးကပ်လို့။ သူတို့တွေကခုံတစ်ခုတည်းအတူတူထိုင်တာမဟုတ်ပေမဲ့လဲ အတူတူထိုင်နေတဲ့အတိုင်းပဲ။

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now