CHAPTER 12 - Learning

17.2K 2.9K 181
                                    

Unicode

လပတ်စာမေးပွဲနီးလာတော့ စာသင်ခန်းထဲမှာ လေ့လာသင်ကြားရေးလေထုက ပိုပိုပီးပြင်းထန်လာတယ်။

စုန့်ရိက Class 10 ရဲ့တံခါးကိုဖြတ်ပီးဝင်လာတော့ အစတုန်းစာမလေ့လာတဲ့ကောင်တွေက နောက်ဆုံးအပတ်ကျမှစာတွေကို ပြွတ်သိပ်ထည့်နေကျတယ်။

" ငါ့ရဲ့ physics စာအုပ်ဘယ်မှာလဲ? ... စာအုပ်လေးရေ ဘယ်တွေရောက်နေတာလဲ? ငါ့စာအုပ်ပျောက်သွားတာများလား?! ငါအဲ့တာကိုအရင်လကစာမေးပွဲမှာတွေ့ပါသေးတယ်"

"မင်းနဲနဲလောက်အသံတိုးပေးလို့ရမလား 'ဂျင်ကဲရဲ့ ချင်ဧကရာဇ်ကိုလုပ်ကြံသတ်ဖြတ်ခြင်း' ကိုငါအလွတ်ကျက်မလို့ကွ ဘာလို့ငါ့ဘေးမှာ တစာစာနဲ့အော်နေတာလဲ မင်းသေချင်လို့ လိုက်နှောင့်ယှက်နေတာလား "

လမ်းတလျှောက်လုံးမှာ ကြက်တွေငှက်တွေပျံနေသလိုပဲ ကစဥ်ကလျားကိုဖြစ်လို့။

သွမ့်ကျားရန်တစ်ယောက် chemistry စာအုပ်လေးဖတ်နေတာမြင်တော့ ရှားပါးဖြစ်ရပ်တစ်ခုလို့ စုန့်ရိခံစားလိုက်ရတယ်။

သူမယုံကြည်နိုင်ဖြစ်နေတယ်။

သူသွမ့်ကျားရန်ကိုကြည့်ရင်း သူ့မျက်လုံးတွေများ ကန်းသွားတာလားဆိုပီး တွေးနေမိတယ်။

" ရှောင်သွမ့် " စုန့်ရိခဏလောက်စဥ်းစားပီး နောက်ဆုံးတော့ သတိထားပီးမေးလိုက်တယ် " မင်း အိမ်မှာ တစ်ခုခုဖြစ်ခဲ့လို့လား "

" ... " စုန့်ရိတွေးတဲ့နည်းလမ်းတွေကတအားမှော်ဆန်တယ်လို့ သွမ့်ကျားရန်တစ်ခါတစ်လေခံစားမိတယ်။

" ဟုတ်တယ်" သွမ့်ကျားရန်​ကပြောလိုက်တယ် " ငါမိဘနှစ်ပါးလုံးက ဒေဝါလီခံလိုက်ရပီ တကယ်လို့ ငါစာမလေ့လာဘူးဆိုရင် ငါ ဆောက်လုပ်ရေးခွင်တွေမှာတစ်သက်လုံး အုတ်ခဲသယ်နေရလိမ့်မယ်"

" ... " သူ့အတွေးတွေကဘယ်လောက်ပဲထူးထူးဆန်းဆန်းဖြစ်နေပါစေအုံး သူဟာသလုပ်နေတယ်ဆိုတာ စုန့်ရိနားလည်လိုက်တယ် "ဆောက်လုပ်ရေးခွင်တွေမှာ အုတ်ခဲသယ်တာကသက်သက်ဖြုန်းတီးတာပဲ မင်းကိုယ်တိုင်ကရွှေ​တောင်ကြီးဆိုတော့ မင်းကအကြံအဖန်လုပ်တတ်ရမယ် "

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now