CHAPTER 58 - Couple

13.7K 2.2K 63
                                    

Unicode

သွမ့်ကျားရန်တစ်ယောက်ဖူ့ယွမ်တံခါးလာခေါက်မှနိုးလာတယ်။

ဖူ့ယွမ်ကအပြင်ဘက်ကနေတစ်ခုခုပြောနေပုံရတယ်။ သူ့ကို​ဖက်ထားတဲ့လူဆီကအသံသဲ့သဲ့လေးထွက်လာပီး သူ့ကိုလွှတ်ပေးတယ်။

အိပ်တစ်ဝက်နိုးတစ်ဝက်အခြေအနေမှာလုရှင်းစစ်ကထပီးတံခါးဖွင့်ပေးတာကိုကြားလိုက်တယ်။

လုရှင်းစစ်နဲ့ဖူ့ယွမ်ရဲ့အသံကအရမ်းသေးတယ်။ လုရှင်းစစ်ကသူအဆင်ပြေတယ်ဆိုပီးပြောနေတာကိုတော့ သွမ့်ကျားရန်ရေးရေးလေးကြားရတယ်။

အဲ့ဒီစကားတွေကိုသူ့ကိုရည်ညွှန်းတယ်ဆိုတာသိလိုက်တော့ သွမ့်ကျားရန်ကလေထုထဲကpheromone နံ့လေးကိုရူရှိုက်လိုက်တယ်။ အိပ်ထားတာကြောင့်မသက်မသာဖြစ်တာတွေကလဲသက်သာသွားတယ်။

မနေ့ညတုန်းကသူ့ကိုယ်ပေါ်မှာနာကျင်မှုကလဲဘာအကြွင်းအကျန်မှမရှိဘဲပျောက်ကွယ်သွားတယ်။ သူ​မျက်တောင်ခတ်လိုက်ပီးခေါင်းအုံးပေါ်မှာပဲလှဲနေလိုက်တယ်။

သူ့မျက်နှာပေါ်ကိုအရိပ်တစ်ခုကျလာပီး သူ့မျက်လုံးအောက်နားလေးကိုလက်ဖျားနွေးနွေးလေးကလာပွတ်တော့ သွမ့်ကျားရန်မျက်လုံးဖွင့်လိုက်တယ်။

"ဘယ်အချိန်ရှိသွားပီလဲ?" သူပင်ပန်းနေတုန်းပဲ။

"10:30" လုရှင်းစစ်အသံကအရမ်းရှင်းလင်းတယ်။ သူခနနေရင်ထသင့်တယ်လို့သူထင်လိုက်တယ် "ထတော့မလား?"

သွမ့်ကျားရန်ခေါင်းညိမ့်ပြလိုက်တယ်။

သူမနေ့ညကအကြောင်းအရာအတော်များများကိုမှတ်မိတယ်။ သူအိပ်ရာပေါ်မှာထပ်မအိပ်နိုင်တော့ဘူး။.သူတစ်ဖက်ကိုလှိမ့်ချလိုက်ပီး ဖိနပ်စီးနေတုန်းတစ်ခုကိုသတိရသွားတယ် "မင်းမှာကိုယ်လက်သန့်စင်ဖို့ပစ္စည်းတွေဝယ်ပီးသွားပီလား?"

"အန်တီကမနေ့ညကရှာပေးထားတယ်"

သွမ့်ကျားရန်ခေါင်းညိမ့်လိုက်တယ်။

သူဖိနပ်စီးလိုက်ပီးကိုယ်လက်သန့်စင်ဖို့သွားလိုက်တယ်။

နောက်ကျနေပီဖြစ်လို့ ဖူ့ယွမ်ကသူတို့ကိုနင်းချန်မသွားခင်တစ်ခုခုစားဖို့ပြောခဲ့တယ်။

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now