CHAPTER 37 - Supplemental Mark

12.5K 2.2K 81
                                    

Unicode

ချန်ယွဲ့စာသင်ခန်းထဲပြန်လာတဲ့အခါမှာသူ့စားပွဲဆီကိုသွားလိုက်တော့ ခုံအောက်ကလုရှင်းစစ်ကိုတွေ့သွားတယ်။

ချန်ယွဲ့: " ... "

ချန်ယွဲ့ကဆောင့်ကြောင့်လေးထိုင်နေတဲ့လုရှင်းစစ်ကိုကြည့်တယ် နောက်တော့လုရှင်းစစ်ထိုင်ခုံပေါ်မှာထိုင်နေတဲ့သွမ့်ကျားရန်ကိုကြည့်တယ်။ သူခနလောက်တန့်သွားတယ် "မင်းတို့နှစ်ယောက် ဘာလုပ်နေတာလဲ?"

လုရှင်းစစ်ကဂရုထားမနေဘူး "ငါတို့စိတ်လှုပ်ရှားစရာလေးတွေလုပ်နေတာ"

ချန်ယွဲ့အကြည့်ကပြောင်းလဲသွားတာကိုတွေ့တော့လုရှင်းစစ်ကထပ်ပြောလိုက်တယ် "တခြားဘာမှမရှိပါဘူး အတွေးမများနဲ့"

ချန်ယွဲ့: " ... "

ချန်ယွဲ့ရဲ့အမူအရာကြီကတွန့်လိမ်သွားတာကိုတွေ့တော့သွမ့်ကျားရန်ကမဟုတ်ကဟုတ်ကတွေလျှောက်ပြောနေတဲ့လုရှင်းစစ်ကိုတစ်ချက်ကြည့်လိုက်တယ် "မင်းထတော့"

လုရှင်းစစ်: "ငါထလို့ရပီလား?"

သွမ့်ကျားရန်ကဘေးပတ်ပတ်လည်ကိုကြည့်ပီးခေါင်းညိမ့်လိုက်တယ် "လူတွေစုံသွားပီ"

လုရှင်းစစ်ကဖြည်းဖြည်းလေးထလာတယ်။ သူကသူ့နေရာမှာထိုင်နေတယ်ဆိုတာကိုသွမ့်ကျားရန်သတိရသွားပီး မတ်တပ်ထလိုက်ပီးကိုယ့်နေရာကိုသွားလိုက်တယ်။

သွမ့်ကျားရန်ကအဲ့ဒီထိုင်ခုံမှာဆယ်မိနစ်လောက်ပဲနေခဲ့တာ။

သွမ့်ကျားရန်သူ့ခန္တာကိုယ်မှာနည်းနည်းလေးစူးတူးတူးလေးခံစားနေရတယ်။သွမ့်ကျားရန်ကသူ့ရင်ဘတ်ပေါ်ကလုံးဝမပျောက်သွားသေးတဲ့ allergy အကျန်လေးတွေကိုကြည့်လိုက်တယ်။

သူလုရှင်းစစ်ကိုထားသွားတာနဲ့တပြိုင်နက်သူ့ကိုယ်ပေါ်ကအနီရောင်အမှတ်တွေကပိုပီးထင်ရှားလာတယ်။

သွမ့်ကျားရန်ကအဲ့တာကိုတွေးပီးချန်ယွဲ့ဘက်ကိုလှည့်လိုက်တယ် "နေရာလဲရအောင်"

ချန်ယွဲ့ကသူနဲ့လုရှင်းစစ်ကိုတစ်လှည့်စီကြည့်လိုက်တယ်။ပီးတော့သူ့ရဲ့နှုတ်ခမ်းလေး​ကနည်းနည်းလေးကွေးတက်သွားပီးပြုံးလိုက်တယ် "မင်းနဲ့လုရှင်းစစ်ကအတူတူထိုင်မှရတော့မဲ့အခြေအနေထိတောင်ရောက်သွားကြပီလား?"

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now