CHAPTER 36 - Surreptitiously

13K 2.2K 57
                                    

Unicode

စုန့်ရိနှာမှုတ်လိုက်ပီးအဲ့ပန်းကနည်းနည်းရင်းနှီးတယ်လို့ခံစားရတယ်။

သူတွေးနေတုန်းမှာသူ့ဘေးကချန်ယွဲ့ကပြုံးလိုက်တယ် "အရမ်းအပြစ်ကင်းတာလား? မင်းဒီလိုမျိုးကြိုက်တာမတွေ့ဖူးဘူးလားလို့?"

လုရှင်းစစ်လဲရယ်လိုက်တယ်: "မတွေ့ဖူးဘူးလား?"

ချန်ယွဲ့: "လုကော မင်းအဲ့တာကိုဘယ်မှာရှာမလဲ? ဒီ pheromone ကထူးခြားတယ်ထင်တယ် ငါတစ်ခါမှတောင်မတွေ့ဖူးဘူး"

ကျိုးရှင်ချန်းကလဲလိုက်ပြောတယ် "မင်းရှာလို့မတွေ့ရင် ရှေးခေတ်blind date အခမ်းအနားကိုသွားပီး အဲ့ဒီလိုအနံ့မျိုးနဲ့ သင့်တော်တဲ့ omega ကိုရှာဖို့ကူညီပေးမယ် မင်းအဲ့တာမှရှာမတွေ့ရင် ရိကျုံး ငါတို့လက်ခွဲကျောင်း ကျုံ့ကျုံး ရှစ်ချီကျုံး..."

လုရှင်းစစ်ကသူ့ကိုတစ်ချက်ကြည့်လိုက်ပီးသူ့မျက်နှာပေါ်ကအပြုံးကလဲလဲပျောက်ကွယ်မသွားဘူး "မင်းအတော်လေးအားနေတာလား?"

သူ့စကားလုံးလေးတဲ့တစ်ခုခု​ကိုကြားတော့ ကျိုးရှင်ချန်းကခေါင်းခါပီး ပါးစပ်ပိတ်သွားတယ်။

သူတို့ဘက်ကဟာသတွေကတက်ကြွနေတာပဲ။ရုတ်တရပ်စုန့်ရိကသတိရသွားပီးသူ့ခေါင်းကိုလှည့်လိုက်တယ် "ရှောင်သွမ့် မင်းpheromone က..." Freesiaမလား?

သူကရပ်တန့်သွားပီး နောက်ဆုံးစကားလုံးကိုပြန်မျိုချလိုက်တယ်။

သွမ့်ကျားရန်ကအရမ်းဒေါသထွက်နေတယ်။

သူအဲ့တာကိုတွေးကြည့်တယ် လုရှင်းစစ်က သူ့ရဲ့ pheromone ကိုလဲသူ့ကိုပြောပြသင့်တယ်။တစ်ဖက်လူကအနံ့ခံနိုင်ပေမဲ့လဲ...

မေ့လိုက်တော့။

တိုက်ဆိုင်တာ။

သွမ့်ကျားရန်ကနောက်ဆုံးအညွှန်းကိုတစ်ချက်ကြည့်ပီးပျင်းပျင်းရိရိနဲ့အကြည့်တွေပြန်သိမ်းလိုက်တယ်။

စုန့်ရိကသွမ့်ကျားရန်ကိုကြည့်လိုက်လုရှင်းစစ်ကိုကြည့်လိုက်နဲ့နည်းနည်းရှုပ်ထွေးနေတယ်။

သူတို့နှစ်ယောက်ရဲ့ကောလဟာလတွေကပျံ့နှံ့နေပေမဲ့လဲသွမ့်ကျားရန်ကအစကနေအဆုံးထိပုံမှန်ပဲဆိုတာကိုစုန့်ရိရှင်းရှင်းလင်းလင်းသိတယ်။

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now