CHAPTER 5 - Teachers' Office

18.8K 3.1K 110
                                    

Unicode

ကော်ရစ်ဒါတစ်ခုလုံးခနလောက်တိတ်ဆိတ်သွားတယ်။

နောက်တော့လူတွေတဖြည်းဖြည်းတုံ့ပြန်လာကြပီး တိုးတိုးတိုးတိုးပြောသံလေးတွေလေထဲပျံလွင့်လာတယ်။ တုရွှီချန်ကတော့ပါးစပ်ကြီးအဟောင်းသားနဲ့ ဘာပြောရမှန်းမသိဘဲ စိုက်ကြည့်နေတယ်။

တကယ်လို့ သွမ့်ကျားရန်က omega တစ်ယောက်ဆို သူကပိုပီးမျက်နှာပျက်အုံးမယ်။ ဘာပဲဖြစ်ဖြစ်သူက alpha တစ်ယောက်လေ သူက omega တစ်ယောက်ရဲ့ဆွဲလားရမ်းလားအလုပ်ခံရတဲ့အပြင် ခုံနဲ့လဲသူ့ခေါင်းကို အရိုက်ခံရသေးတယ်။

" သေစမ်း " သူ့ဒေါသတွေကိုပြန်မျိုချပီး ပြန်ခံပြောတယ် " မင်းရဲ့ဘယ်နေရာက omega နဲ့ တူ...."

သူ့စကားတောင်မပြီးသေးဘူး သွမ့်ကျားရန် က သူ့တစ်ကိုယ်လုံးကို ဆွဲမပီးနံရံဘက်ကိုပစ်ချလိုက်တယ် ။

တုရွှီချန်နံရံနဲ့တိုက်မိတော့ နာကျင်မှုကြောင့်သူ့သူငယ်အိမ်တွေကျုံ့သွားတာကို ခံစားရလိုက်တယ်။ အဲ့ဒီနောက်မှာ သွမ့်ကျားရန် ရဲ့လက်တစ်ဖက်က သူ့လည်ပင်းကိုညှစ်ထားပီး လက်တစ်ဖက်က သူ့ဆံပင်ကိုဆွဲထားတယ်။

" ငါရဲ့ ဘယ်နေရာက မတူတာလဲ " သွမ့်ကျားရန် ကသူ့နားနားကိုကပ်ပြောလိုက်တယ် " မင်းစောနလေးကပဲ ငါကတအားတဏှာရမက်ကြီးတယ်ဆိုပီးမ​ပြောဘူးလား? တုရွှီချန်မင်းငါ့ကို ဒီလောက်ချီးကျူးနေတာ ငါ့ကိုတိတ်တိတ်လေးခိုးကြိုက်နေတာလား "

သူ့အသံ​က​တိုးတိုးလေးဆိုပေမဲ့ ကော်ရစ်ဒါတစ်ခုလုံးတိတ်နေအတွက် သူဘာပြောလိုက်တယ်ဆိုတာ လူတိုင်းနီးပါးကြားလိုက်တယ်။

လူအုပ်ထဲကတစ်ယောက်ဆိုမထိန်းနိုင်ပဲ ရယ်ချလိုက်တော့တယ်။

တုရွှီချန်ရဲ့မနက်ခင်းတစ်ခု လုံးကအရှက်ရစရာတွေနဲ့ပြည့်နေတယ် ။ သူ့မျက်နှာတစ်ခုလုံးက ဒေါသကြောင့် နီရဲနေတာပဲ။ သွမ့်ကျား ရန်သူ့ကိုယ်သူ omega လို့ပြောပီးတော့ သူ့ကိုဘာမှထပ်မလုပ်တော့ဘူးလို့သူထင်ထားတာ။ သူကရူးနေတဲ့လူတစ်ယောက်လိုမျိုး ပြုမူမယ်လို့ဘယ်သူကထင်မှာလဲ။ တုရွှီချန်တစ်ယောက်ဒေါသတထောင်းထောင်းထွက်နေတယ်။ သူကရုန်းရင်းကန်ရင်းနဲ့ အော်နေတယ် " လွှတ်စမ်း! သွမ့်ကျားရန်! ဒီလောင်ဇီကို အရူးလုပ်နေတာရပ်လိုက်တော့ "

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now