CHAPTER 62 - Don't Be Afraid

11.6K 1.9K 123
                                    

Unicode

လုရှင်းစစ်နည်းနည်းရှက်သွားတယ်။

"ငါမင်းကိုဒီလိုစကားမျိုးနေ့လည်ကမပြောခဲ့သင့်ဘူး" သွမ့်ကျားရန်ကပြောတယ် "ငါအနာဂတ်မှာ မင်းကိုအဲ့လိုတွေမပြော​တော့ဘူး"

သူကစိုးရိမ်တာပဲဖြစ်ဖြစ် အနာဂတ်ကဘယ်လောက်ပဲမသေမချာမရေမရာတွေဖြစ်နေပါစေ လုရှင်းစစ်နဲ့ဘယ်လိုပြတ်ရမလဲဆိုတာသူမသိဘူး။

"ငါအဲ့တာကိုတွေးပီးသွားပီ ငါမင်းနဲ့တစ်မြို့တည်းမနေရဘူးဆိုရင်တောင် ငါကအနားနီးတဲ့မြို့တစ်မြို့ကိုလျှောက်မယ်" သွမ့်ကျားရန်ကခနလေးရပ်လိုက််တယ် "တကယ်တော့ ငါက..."

သူ့မိဘတွေအကြောင်းကိုပြောပြချင်တယ် ဒါပေမဲ့တွေးကြည့်တော့လဲ ပြောဖို့မလိုအပ်ဘူးလို့ခံစားရတယ်။

လုရှင်းစစ်ကသူ့ကိုအကြိမ်အနည်းငယ်လောက်တောင်လာမတွေ့တဲ့သူ့အဖေမဟုတ်သလို သူကလဲဖူယွမ်မဟုတ်ဘူး။ ဒီလိုဆိုရွားတဲ့အရှုပ်အထွေးတွေကိုလျှောက်တွေးမနေသင့်ဘူး။

"နောက်ဆုံးအချစ်တွေပေါ့သွားမယ်ဆိုရင်တောင် မရေးမကြီးဘူး" သွမ့်ကျားရန်ကသူ့ကိုကြည့်ပီးနူးနူးညံ့ညံ့လေးပြောနေတယ် "ငါကမင်းကိုနေ့တိုင်းလာတွေ့မှာ"

သူ့မျက်လုံးထဲမှာ မျက်ရည်ကြည်ကြည်လေးတွေရှိနေပီး သူကတုံဆိုင်းခြင်းမရှိ ပုတ်ခတ်ပုတ်ခတ်နဲ့သိမ်းဆည်းလိုက်တယ်။

ဒါပေမဲ့ တကယ်လို့ LDRS ဘဝမျိုးနဲ့ဆက်ချစ်နိုင်တယ်ဆိုရင်တောင် ဘယ်လိုလုပ်နေ့တိုင်းလာနိုင်မှာလဲ?

သူအရက်မူးနေလားဆိုတာကိုလုရှင်းစစ်မသိဘူး။ သူ့ရဲ့မျက်နှာကိုမဖတ်တတ်ဘူး သူ့ရဲ့နားရွက်ဖျားလေးတွေကပဲရဲသွားတာ။

ဒိကိုမလာခင်တုန်းကသွမ့်ကျားရန်နဲ့ဘာတွေပြောရမလဲသူစဥ်းစားနေတာ။ သွမ့်ကျားရန်ကဒီတိုင်းစကားတွေအများကြီးပြောတော့ သူ​အရင်ကဖိနှိပ်ထားရတဲ့ ဒေါသတွေကပျောက်ကွယ်သွားတယ်။

အဲ့ဒီခြိမ်းခြောက်​တာတွေတွန်းအားပေးပီးမေးမဲ့မေးခွန်းတွေကိုသွမ့်ကျားရန်ကိုမမေးချင်​တော့ဘူး။

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now