Chapter 72 - Happy Graduation

15.2K 1.8K 72
                                    

Unicode

ဘွဲ့နှင်းသဘင်အခမ်းအနားက သူတို့စာမေးပွဲဖြေပီး လဝက်လောက်အကြာမှာကျင်းပခဲ့တယ်။

အခမ်းအနားကအခုထိမစသေးပေမဲ့လဲ အထက်တန်းတတိယနှစ်ကိုအောင်မြင်သူတွေကသက်ဆိုင်ရာသူတို့စာသင်ခန်းတွေထဲမှာ စောင့်ဆိုင်းနေကြတယ်။ Class10 ထဲကိုသွမ့်ကျားရန်ဝင်လိုက်တဲ့အချိန်မှာ air conditioner ရဲ့အေးစိမ့်စိမ့်အထိအတွေနဲ့အတူ ဆူညံတဲ့ရယ်မောသံတွေကိုကြားလိုက်ရတယ်။

သွမ့်ကျားရန်စာသင်ခန်းထဲကိုဝင်လာတဲ့အခါမှာ စကားပြောနေတဲ့ကောင်လေးတွေကတမင်သက်သက်အသံကိုမြှင့်လိုက်တယ်။

"ငါဒီနေ့ကျောင်းကိုလာတော့ ကျောင်းပေါက်ဝမှာ Maybach တစ်စီးရပ်ထားတာတွေ့ခဲ့တာ ငါ့စိတ်ထဲမှာ​တော့ ဝါး ကျောင်းမှာ ချမ်းသာတဲ့လူတွေအများကြီးပဲပေါ့ ငါတွေးပီးရုံပဲရှိသေးတယ် အတန်ခေါင်းဆောင်ကိုတွေ့လိုက်တယ်ကွာ ငါလဲ ဪ Maybach ဆိုတာအတန်းခေါင်းဆောင်အတွက်တော့ သာမန်ပါပဲလို့တွေးပီးသွားမလို့လုပ်တဲ့အချိန်မှာ သွမ့်ကျားရန်ကနောက်ကဆင်းလာတာကိုတွေ့လိုက်တယ်ကွ ငါ့ကောင်တို့ရ" ကောင်လေးကခနရပ်ပီး မေးလိုက်တယ် "ဒါကဘာဆိုလိုတာပါလိမ့်နော်?"

သူ့ဘေးကကောင်လေးကလဲ အလိုလိုနားလည်နေပီးတော့ ပြုံးလိုက်တယ် "ဘာကိုဆိုလိုလဲဆိုတော့ သွမ့်ကောက မနေ့ညကသူ့ကိုယ်ပိုင်အိမ်မှာ မရှိခဲ့ဘူးဆိုတဲ့သဘောပေါ့ကွာ"

"ဒါကမင်းတို့တွေငါ့ကိုလဝက်လောက်မတွေ့တော့ နာချင်နေပီဆိုတဲ့သဘောမဟုတ်လား" သွမ့်ကျားရန်ကကောင်လေးရဲ့ပခုံးကိုကိုင်လိုက်တယ် "ငါမင်းကို ဦးစားပေးအနေနဲ့ရိုက်သင့်လား?"

"Hey သွမ့်ကော!" ကောင်လေးကခေါင်းလှည့်လာပီး ပျော်ရွှင်စွာပြုံးလိုက်တယ် "ငါမင်းကိုမမြင်ဘူး ဒီရှုပ်ရှုပ်ထွေးထွေးတွေကိုမကြားပါဘူး"

သွမ့်ကျားရန်ကအိတ်ကိုစားပွဲပေါ်ကိုပစ်တင်လိုက်ပီး ပြုံး လိုက်တယ် "ဟုတ်ပါပီ ရပါတယ်ကွ"

အစတုန်းက​စကားပြောနေတဲ့ကောင်လေးက သွမ့်ကျားရန်ဘေးကိုကြည့်လိုက်တော့တစ်ယောက်မှုမတွေ့ဘူး "အတန်းခေါင်းဆောင်ကမင်းနဲ့အတူမလာဘူးလား?"

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now