CHAPTER 60 - Intimate

13K 2K 132
                                    

Unicode

သူ့လည်ပင်းကစူးရှရှနာကျင်မှုက မေးခွန်းထုတ်စရာမလိုတဲ့ခွန်အားနဲ့အတူနွေးထွေးပီးဖြည်းဖြည်းလေး။

တစ်ဖက်လူရဲ့သွားချွန်ချွန်လေးကသူ့ရဲ့အရေးပြားပေါ်ကိုဖောက်လာတာကိုသတိထားမိတော့ သွမ့်ကျားရန်ကလှည့်ကြည့်လိုက်တယ်။ လုရှင်းစစ်ကဒီလိုမျိုးထပ်ပီးနည်းနည်းထပ်နက်အောင်ကိုက်မယ်ဆိုရင် သူ့လည်ပင်းပေါ်မှာသေချာပေါက် အရာကျန်ခဲ့​လိမ့်မယ်။

မနက်ဖြန်လူတွေမြင်သွားမှာကိုတွေးမိတော့ သွမ့်ကျားရန်သက်ပြင်းရှိုက်လိုက်တယ်။

"မကိုက်နဲ့​တော့" သူ့အသံမှာအနည်းငယ်အလျင်လိုပုံလေးတွေပါဝင်နေတယ် "ရပ်လို့ရပီလို့"

လုရှင်းစစ်ဘက်ကဘာတုံ့ပြန်မှုမရှိဘူး။

အခုလိုရည်ရွယ်ချက်မရှိဘဲကိုက်နေတာနဲ့ယာယီအမှတ်အသားပေးလို့ကိုက်ရတာနဲ့ကခြားနားတယ်။ ယာယီအမှတ်အသားပေးနေတဲ့အချိန်ဆို ဒါကstress disorder သက်သာအောင်လုပ်ရတာဆိုပီးသူ့ကိုယ်သူနှစ်သိမ့်လို့ရသေးတယ်။ အခုလိုအခြေအနေကြီးကတော့ အန္တရာယ်ကင်းအောင်လုပ်ပေးတာဆိုတာထက်နည်းနည်းပိုနေပီ။

သံပုရာနံ့ဖျော့ဖျော့လေးကလေထဲမှာရောယှက်နေတယ်။ သွေးတွေတက်လာပီး သူ့ခန္တာကိုယ်ကတဖြည်းဖြည်းအားနည်းသွားတယ်ဆိုတာကိုပဲသွမ့်ကျားရန်ခံစားနိုင်တော့တယ်။

ဒီလိုအခြေအနေမျိုးမှာ လုရှင်းစစ်ကိုဆက်ကိုက်ခိုင်းထားတာကကိုယ့်ဘာသာအရှုံးပေးနေတာပဲ။ တော်တော်ကဲနေတဲ့ဒီကောင်လေးကိုပဲချက်ချင်းတွန်းထုတ်လိုက်တယ်။ လုရှင်းစစ်ကသူ့ရဲ့လည်ပင်းလေးကိုတွန့်တိုစွာလျက်လိုက်တယ်။

အဲ့ဒီနောက်မှာ သူက​သူ့ကိုကြည့်လာပီး သူ့အသံမှာလေးပင်မှုတွေပါဝင်နေတယ် "မင်းလည်ပင်းနီနေပီ"

ဒီလိုနီရဲနေတဲ့ပုံစံနဲ့ဆိုမနက်ဖြန်ဆိုအရောင်ကပိုပီးတောင်နက်သွားလိမ့်မယ်။

"ငါ့မှာနီနေပီဆိုမင်းလဲအရှိန်သတ်ရမယ်လေ" သွမ့်ကျားရန်သူ့လည်ပင်းကနာကျင်မှုကိုခံစားလိုက်ရတယ် "ဒီနေ့မင်းဘာသာမင်းအိပ်"

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now