CHAPTER 34 - Drink

14.5K 2.3K 121
                                    

Unicode

အလံတင်တဲ့စင်မြင့်ပေါ်မှာလုရှင်းစစ်ပြောခဲ့တာတွေကတာတော်တော်သွားတယ်။ Ning Cheng ရိကျုံးက သွမ့်ကျားရန်နဲ့လုရှင်းစစ်အရှုပ်တော်ပုံဆိုပီး version ရှစ်ရာလောက်ထွက်လာတယ်။

တစ်ချို့လူတွေယုံတာကသူ့သုံးသပ်ချက်ကဒီတိုင်းပြသမှုတစ်ခုပဲ။ တချို့ကျတော့သူကသွမ့်ကျားရန်ဆီကရုန်းမထွက်နိုင်ဖြစ်နေတယ်လို့ယုံကြည်ကြတယ်။ပီးတော့ သူကသဝန်တိုပီး မဆုံးဖြတ်တတ်သေးတာကိုဆုံးဖြတ်ချက်ချသွားနိုင်တယ်ဆိုပီး။

အဲ့ဒီဖြစ်ရပ်ရဲ့တခြားဇာတ်လိုက်တစ်ယောက်အနေနဲ့သွမ့်ကျားရန်ကသူ့ကိုလာမေးတဲ့ကျောင်းသားတွေနဲ့သူ့သူငယ်ချင်းတွေကိုရှင်းပြရတယ်။တစ်ခါတစ်ရံသူကျောင်းမှာလမ်းလျှောက်နေရင်လဲသူ့နောက်ကနေအတင်းတွေပြောတာကိုလဲကြားရတယ်။

"Hey, သူကဟိုတစ်ယောက်..." ကောင်မလေးကတန့်သွားတယ် "ဘယ်လိုစီနီယာမျိုးကဒီလိုစီနီယာမျိုးကိုကြိုက်တာပါလိမ့်?"

သူ့နောက်ကအလယ်တန်းကျောင်းသူလေးကမခံမရပ်နိုင်မှုအပြည့်နဲ့ "ကျောင်းအစတုန်းကလုကောကိုပစ်ပယ့တယ်ဆိုတဲ့ဆန်ကုန်မြေလေးကောင်လား?!"

"Hey နင်တိုးတိုးပြော! သူကအထက်တန်းဒုတိယနှစ်ကျောင်းသား လူဆိုးလေး ငါကြားတာတော့သူ့ကိုရန်စတဲ့ဘယ်သူ့ကိုမဆိုသူကစိတ်ဆိုးရင်သူတို့ခေါင်း​တွေသွေးထွက်သွားလိမ့်မယ်တဲ့"

" ... " ငါလဲအဲ့တာကိုကြားဖူးတယ်လို့သွမ့်ကျားရန်ပြောလိုက်တယ်။

ပထမတုန်းကတော့စုံစမ်းမေးမြန်းတဲ့လူတွေကိုစိတ်ရှည်ရှည်နဲ့ရှင်းပြသေးတယ်။နောက်တော့သူတဖြည်းဖြည်းနဲ့ထုံလာပီး သူတို့ကို​ရိုးရှင်းစွာနဲ့ပဲပြောခွင့်ပြုလိုက်တော့တယ်။

လုရှင်းစစ်ကသူ့ထက်တောင်ပျင်းသေးတယ်။သူကခါးသီးတဲ့ဇာတ်ကောင်အဖြစ်အပြောခံနေရ​ရင်တောင်၊ ဒီကောလဟာလတွေကတအားဆိုးတယ်လို့သွမ့်ကျားရန်ခံစားနေရတယ်ဆိုရင်တောင် ဒီလူကတော့ရှင်းပြဖို့ဆန္ဒမရှိဘူး။

အရင်တုန်းကကျောက်မင်ကျွင်းကြေငြာဖူးတယ် ABO နဲ့ဆိုင်တဲ့လက်တွေ့လေ့လာမှုကိုဒီလကျောင်းကစီစဥ်ပေးမယ်ဆိုပီး။ အထက်တန်းဒုတိယနှစ်ကျောင်းသားတွေ Zhao Cheng က ပြတိုက်ကိုသွားရမယ်။

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now