CHAPTER 65 - Birthday

11.7K 1.9K 109
                                    

Unicode

ကုလီတစ်ယောက်ရေချိုးပီးတော့ လမ်းလျှောက်ရင်း​ခေါင်းကိုသုတ်နေတယ်။

သူ့ဖုန်းကတုန်ခါနေပီးအဆက်မပြတ်ပေါ်ပေါ်လာတဲ့ message တွေကိုတွေ့တော့ လက်လှမ်းယူပီး screen lock ကိုဖွင့်လိုက်တယ်။

[Fox!fox!ဒီနေ့ရဲ့အချို!]

[ရှောင်သွမ့်ကလုရှင်းစစ်အတွက်နဲ့ရန်ဖြစ်တာ နောက်ပိုင်းကျတော့ ရိကျုံးနဲ့စန်းကျုံးရဲ့ အုပ်စုလိုက်ပွဲဖြစ်သွားရော ဟိုတစ်ယောက်ကလုရှင်းစစ်မကောင်းကြောင်းသွားပြောတော့ သွမ့်ကျားရန်ကဒေါသထွက်သွားတာ]

[ဒါပေမဲ့ သွမ့်ကျားရန်ရဲ့လက်ကိုထိသွားတယ်လို့တော့ကြားတာပဲ ဆိုးလားမဆိုလားတော့မသိဘူး...]

ကုလီ group ထဲမှာဆွေးနွေးနေတာကိုကြည့်ပီး post ကိုတစ်ချက်ကြည့်လိုက်တယ်။ သူရင်းနှီးနေတဲ့ ID လေးကိုတွေ့တော့ အရမ်းပျော်သွားတယ်။

[ငါအခုလေးပဲညနေတုန်းကသူဘယ်သွားနေလဲဆိုပီးမေးနေတာ ဒါနဲ့နေပါအုံး ဟွာဟန်ဆိုတာဘယ်သူလဲ?]

[လက်ကဒဏ်ရာလား?အဲ့တာကထူးထူးခြားခြားကြီတော့ပြင်းထန်မနေပါဘူး သူကပတ်တီးစည်းထားပေမဲ့လဲ မာမာချာချာပါပဲ]

.......

အဲ့တာကကျိုးရှင်းချန်ရဲ့ ID လေး။

သူနောက်ဆုံးဆက်သွယ်ခဲ့တာကိုသတိရသွားတယ်။ အဲ့ဒီတုန်းကသူအလေးအနက်မေးခဲ့တယ်: တက္ကသိုလ်ဝင်စာမေးပွဲပီးသွားရင် တစ်ခါလောက်တော့ကြိုးစားခွင့်ပေးပါလား?

သူပြုံးနေပေမဲ့လဲ ကြည့်ရတာကမှုန်မှိုင်းနေတယ်။

အပူချိန်ကနေ့တိုင်းကျဆင်းနေတယ်။ ဆောင်းရာသီဝင်တော့ စောစောနေဝင်လေ့ရှိတယ်။ ကျောင်းကကျောင်းသားတွေရဲ့အချိန်ဇယားကိုပြန်လည်ပြင်ဆင်ပေးပီး ကျောင်းချိန်တွေကနည်းနည်းစောသွားတယ်။

လုရှင်းစစ်နဲ့သွမ့်ကျားရန်နှစ်ယောက်လုံးရဲ့မွေးနေ့ကဆောင်းရာသီမှာပဲ။ ဒီနှစ်မွေးနေ့ပီးသွားရင် နှစ်ယောက်လုံး အရွယ်ရောက်ပီ။ စုန့်ရိကအဲ့ဒီအကြောင်းကိုပြောတိုင်း သူသွမ့်ကျားရန်ကိုတိတ်​တိတ်လေးခိုးရယ်တယ်။

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now