CHAPTER 2 - Provocative

24.3K 3.2K 47
                                    

Unicode

လုရှင်းစစ်ရဲ့ခနဲ့တဲ့တဲ့ပြောစကားက​ မလျော့မတင်းလေးပေမဲ့ ယဥ်ကျေးပုံပေါ်နေတုန်းပဲ။ သူတို့နှစ်ယောက်ရဲ့ကြားထဲကလေထုကတင်းမာလာတယ်။

သွမ့်ကျားရန်ရဲ့အကြည့်တွေကပြောင်းလဲလာတယ်။ သူရဲ့မျက်နှာပေါ်ကအပြုံးတုကြီးကြောင့် စုန့်ရိကသူ့ဦးရေပြားထုံကျဥ်လာသလိုတောင်ခံစားရတယ်။ လုရှင်းစစ်ရဲ့စိတ်ထဲမှာဘာတွေဖြစ်နေလဲဆိုတာတော့သူမတွေးတတ်ဘူး။

စုန့်ရိတစ်ယောက်ကတော့ " ဒီအချိန် ဒီနေရာမှါပဲ ကောင်းကင်ဘုံတောင်ထွဋ် တွေကြားကစစ်ပွဲစတော့မယ် " ဆိုပီးသူနှလုံးသားထဲမှာအော်ဟစ်နေတယ်။

"မင်းတို့တွေအဲ့နားမှာဘာရပ်လုပ်နေတာလဲ"

"အတန်းပိုင်ဆရာမရဲ့အသံကရုတ်တရက်ထွက်ပေါ်လာတယ်။

" အလံတင်တဲ့အခမ်းအနားကစတော့မှာကို မင်းတို့က အစည်းအဝေးလုပ်နေတာလား" ကျောက်မင်ကျွင်းက သူတို့ကို တရုတ်စာသင်ပေးတဲ့ဆရာမဖြစ်ပီး သူတို့ရဲ့အတန်းပိုင်ဆရာမလဲဖြစ်တယ်။သူ့မျက်လုံးထဲပထမဆုံးဝင်လာတဲ့သူကတော့ တစ်ခြားသူတွေရဲ့ outfit နဲ့မတူကွဲထွက်နေတဲ့သွမ့်ကျားရန် ပဲ။ "သွမ့်ကျားရန်မင်းရဲ့ uniform ကဘယ်မှာလဲ "

ဆရာမရှိနေတဲ့အတွက် သွမ့်ကျားရန် လဲမျက်လွှာလေးချထားတယ် " ကျွန်တော်ယူဖို့မေ့လာခဲ့ပါတယ် "

"စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်တွေ သူ့နာမည်ကိုမှတ်လိုက်" ကျောက်မင်ကျွင်း က ကျောင်းသူလေးနှစ်ယောက်ကိုပြောပီးသွမ့်ကျားရန် ကို ဆုံးမဖို့ပြန်လှည့်လာတယ်။ "နောက်တစ်ခါကျယူခဲ့ဖို့မမေ့နဲ့ မင်းငါ့ကိုပြော​ကြည့်စမ်း မင်းဘယ်နှကြိမ်လောက်များကျောင်း uniform ကိုရေရေရာရာဝတ်ဖူးလဲ"

လုရှင်းစစ်ကသူ့နေရာသူပြန်သွားတာမြင်တော့ သွမ့်ကျားရန် လဲတိုက်ခိုက်လိုစိတ်တွေပျောက်ဆုံးသွားပုံပေါ်တယ်။ ငြင်းဆန်တဲ့ပုံစံနဲ့ " En " တစ်လုံးနဲ့ပဲ​တုံ့ပြန်ခဲ့တယ်။

ကျောက်မင်ကျွင်း နဲ့ သူ့မေမေက တက္ကသိုလ်တုန်းက အတန်းဖော်တွေ။ တစ်ခုခုဆိုသူ့မေမေကကျောက်မင်ကျွင်း ဆီပဲသွားပီးသူ့အခြေအနေတွေ ကောင်မကောင်းမေးတာ။ အာ့ကြောင့် ​ကျောက်မင်ကျွင်းရှေ့မှာဆိုသူနဲနဲတော့ကောင်းကောင်းမွန်မွန်ပြုမူတာကပိုပီးအဆင်ပြေတယ်။

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now