CHAPTER 43 - Lip Color

12.9K 2.1K 62
                                    

Unicode

သွမ့်ကျားရန်သူ့ကိုကြည့်လိုက်တယ်။

ကောင်လေးကသူ့ကိုငုံ့ကြည့်နေတယ်။ ဒီအကွာအဝေးမှာ alpha တစ်ယောက်ရဲ့ကျူးကျော်ရန်စမှုက သာမန်တည်ရှိမှုထက်ပိုတဲ့ခံစားချက်တစ်ခုဖြစ်လာစေတယ်။သွမ့်ကျားရန်သတိမထားမိဘဲနောက်ကိုပြန်ဆုတ်လိုက်တယ်။

သွမ့်ကျားရန်ကနည်းနည်းလေးရှက်တယ်ဆိုပီးတောင်မဖြစ်မိဘူး။ သူအကြည့်လွှဲလိုက်ပီးလုရှင်းစစ်ကိုမကြည့်တော့ဘူး သူကအသံနိမ်နိမ့်လေးနဲ့ "တောင်းဆိုမှုကနည်းနည်းခက်မဲ့ပုံပေါ်တယ်"

"ဒီတစ်ခုဆိုရင်ရော" လုရှင်းစစ်ကစဥ်းစားသလိုနဲ့ပြောတယ် "ငါ့ကိုနမ်းလေ"

" ... " သွမ့်ကျားရန်: "ဒီတောင်းဆိုမှုကပိုပီးတောင်ခက်သေးတယ်"

လုရှင်းစစ်ကလက်လှမ်းပီးသွမ့်ကျားရန်ရဲ့ခေါင်းလေးကိုပွတ်ပေးလိုက်ရင်း လူယုတ်မာအပြုံးကြီး​ပြုံးပီး နောက်ပြန်ဆုတ်ပီး မတ်မတ်ထိုင်လိုက်တယ်။

သူ့ခေါင်းပေါ်မှာလက်လေးလှုပ်နေတာကအရမ်းညင်သာတယ် သွမ့်ကျားရန်က​ချက်ချင်းခါးမတ်လိုက်တယ်။ လုရှင်းစစ်ကသွမ့်ကျားရန်ရဲ့တောင့်တင်းသွားတာကိုတွေ့တော့ သူ့အပြုံးကလဲပိုပိုပီးနက်နဲလာတယ်။ သူ့အသံကလဲညင်သာတယ် "မင်းမသိတာရှိရင် ငါ့ကိုမေးနော်"

သွမ့်ကျားရန်ပြန်ပြောမှာကိုမစောင့်ပဲသူကထပ်ပြောလိုက်တယ် "ငါ့ကိုကြိုက်တယ်လို့လဲပြောစရာမလိုဘူး နမ်းဖို့လဲမလိုပါဘူးကွာ"

" ... " အဲ့တာကအခုလေးတွေလုပ်ထားတဲ့တောင်းဆိုချက်တွေကိုရှင်းရှင်းလင်းလင်းငြင်းဆန်းတာပဲ။ ဒါပေမဲ့တစ်ဖက်လူရဲ့ဖြည်းဖြည်းလေးရစ်ဝဲနေတဲ့အသံကိုတော့ရှင်းပြလို့မရဘူး။

"မင်းကစာလေ့လာချင်တယ်ဆိုရင် ငါကသေချာပေါက်သင်ပေးမှာပေါ့" သူ​ကပြောရင်းသွမ့်ကျားရန်တွေဝေနေတာကို​တွေ့​တော့ သူ့လက်ကိုရုတ်လိုက်တယ် "ဘာဖြစ်လို့လဲ?သက်သောင့်သက်မရှိသလိုခံစားရလို့လား?"

"မဟုတ်ပါဘူး" လုရှင်းစစ်ကသူ့ရဲ့အတွေးတွေကိုတိုက်ရိုက်ဖျက်ဆီးပစ်တာကိုတွေ့တော့ သွမ့်ကျားရန်ကယာယီဆင်ခြေပြလိုက်တယ် "ငါမဟုတ်... ငါကမင်းပြန်ပီးစာလေ့လာတဲ့အချိန်တွေကိုကြန့်ကြာသွားမှာစိုးလို့"

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now