CHAPTER 68 - Adult

16.1K 1.9K 130
                                    

Unicode

သူ့အသံကသိပ်မကျယ်ပေမဲ့ ဒီမှာရှိနေတဲ့လူတိုင်းကနားထောင်နေပီး ဒီအချိန်မှာတစ်ယောက်မှစကားမပြောကြဘူး။

ဇနီးသည်(သခင်မ)တော်တော်များများကတစ်ယောက်ကိုတစ်ယောက်ကြည့်ပီး အံဩကုန်ကြတယ်။

ချန်ယွဲ့သတိပြန်လည်လာတဲ့အခါမှာသည်းခံထားပေမဲ့မထိန်းနိုင်ဘဲ​တိုးတိုးလေးရေရွတ်မိတယ် "အရမ်းအထင်ကြီးစရာပဲ"

သူ့အမေကသူပြောတာကိုကြားတော့ စားပွဲအောက်ကနေလှမ်းပုတ်တယ်။

သူမကိုယ်တိုင်လဲအရမ်းအံ့ဩနေတယ် "ဘယ်လိုတောင်...?" လျင်လျင်မြန်မြန်ဖြေရှင်းနိုင်ရတာလဲ?

ကျန်းယောင်ကလုရှင်းစစ်ပြောတာကိုကြည့်ပီး ပြုံးဖို့ပဲရွေးချယ်လိုက်တယ်။

သူကလက်ပင့်ပီး ရှန်ပိန်ခွက်ကိုယူလိုက်တယ်။ သူမအကြည့်တွေကဖြုဖျော့နေတဲ့ ဝေ့ရွှယ်လန်နဲ့ သူမရဲ့ဝမ်းနည်းနေတဲ့မိခင်ကိုကြည့်လိုက်ပီး သူ့နှုတ်ခမ်းကအပြုံးတွေလဲတဖြည်းဖြည်းမှေးမှိန်သွားတယ်။

ကျန်းယောင် ရှန်ပိန်ကိုတစ်ငုံသောက်လိုက်တယ်။

သူ့ဘေးနားကလူတွေကကြောင်အနေသလိုပဲ​ဟန်ဆောင်နေတာကို​Mrs.Wei တွေ့တော့ သူကိုယ်တိုင်ပဲပါးစပ်ဟပီးပွင့်ပွင့်လေးပြောလိုက်တယ် "ဘယ်အချိန်တုန်းကလုရှင်းစစ်ချစ်သူရသွားတာလဲ? ကျွန်မတို့တောင်မကြားလိုက်ရပါလား"

ကျန်းယောင်ကသူတို့​ခြေလှမ်းတွေကိုစပီးအထင်သေးနေပီဖြစ်ပေမဲ့ သူပြန်မဖြေလိုက်ဘူး။

ကျန်းယောင်ကလုရှင်းစစ်ကိုပဲတိတ်တိတ်လေးကြည့်ပီး သူဆုံးဖြတ်ချက်တစ်ခုချလိုက်မှာကိုစောင့်နေတယ်။

လုရှင်းစစ်နဲ့ Mrs.Wei ကတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ခနလောက်စိုက်ကြည့်နေတယ် "တော်တော်တောင်ကြာပီ"

သူ့အသံဆုံးသွားတာနဲ့သူကပြုံးပီး ထပ်ပေါင်းပြောလိုက်တယ် "တစ်နှစ် နှစ်နှစ်တောင်ရှိနေပီ ကျွန်တော်ရဲ့မိသားစုကလွဲပီး တခြားဘယ်သူ့ကိုမှမပြောထားဘူး"

Mrs.Wei သူ့ကိုကြည့်လိုက်ပီး သက်ပြင်းတစ်ခုရှိုက်လိုက်တယ်။ သူ့ဘေးကအမျိုးသမီးတစ်ဦးကလဲမထိန်းနိုင်ဘဲဖြတ်ပြောတယ် "လုရှင်းစစ်နဲ့ကြိုက်တာဘယ်သူများလဲ?"

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now