CHAPTER 64 - I Will

Start from the beginning
                                    

သွေးမြင်တဲ့အဓိပ္ပါယ်နဲ့သွေးမမြင်ရတဲ့အခြေအနေကခြားနားသွားပီ။

သာမန်အထက်တန်းကျောင်းသားတွေကဘယ်သူမှဓားကိုတမင်သာသာယူလာမှမဟူတ်ဘူး။ ဓပါလာတဲ့ဆိုးရွားတဲ့အရာတစ်ခုဖြစ်လာဖို့လွယ်ကူတယ် အခြေအနေဆိုးရင်ဆိုးသလောက် သေဆုံးတာမျိုးတွေပါရှိလာနိုင်တယ်။

အဲ့ဒီအပြင် သွမ့်ကျားရန်ဒဏ်ရာရတဲ့လက်အခြေအနေကတစ်ချက်ကြည့်ရုံနဲ့တင်အတော်လေး​ကြောက်စရာကောင်းတယ်။

ဟွာဟန်ကဓားကိုကိုင်ထားတုန်းဖြစ်ပီးကောက်ကောက်ကျစ်ကျစ်ပြုံးတယ် "အာ့ဆိုရင်ရော တွန်းအပေးအုံးမှာလား?စကားမပြောနိုင်တော့ဘူးလား? အဲ့တာကခေါင်းတွေမူးဝေမလာဘူးလား?"

သွမ့်ကျားရန်က​မျက်လွှာပင့်လိုက်ပီး သူ့မျက်နှာကိုဒဏ်ရာရနေတဲ့လက်နဲ့ပဲထိုးချပစ်တယ်။

ဟွာဟန်မှာနှာခေါင်းပေါက်ထဲမှာပူခနဲဖြစ်သွားပီး မျက်လုံးတွေပြာဝေသွားတယ်။သူအောက်ကိုငုံ့ကြည့်လိုက်တော့ မြေကြီးပေါ်မှာသွေးတွေကိုတွေ့တယ်။

သူခနလောက်ကြောင်သွားပီး ခနနေတော့သူနှာခေါင်းသွေးတွေထွက်နေပီမှန်းသိလိုက်တယ်။

ဟွာဟန်နာကျင်စွာနဲ့နှာခေါင်းကိုထိလိုက်တယ်။ သွမ့်ကျားရန်ကအဲ့တာကိုတွေ့တော့ ဒဏ်ရာရနေတဲ့ဘယ်ဘက်လက်ကိုကိုင်ပီး ပြုံးရင်းပြောလိုက်တယ် "ငါ့ကိုခေါင်းမူးလားလို့မင်းပြောလိုက်တာလားလို့?"

​မြေပြင်ပေါ်ကသူ့ရဲ့သွေးတွေနဲ့အတူသူ့ရဲ့ လှောင်ရယ်သံကအတော်လေးအရှက်ရစေတယ်။

သူ့ရဲ့အပြုအမူကစန်းကျုံးကကောင်လေးတွေရဲ့ဒေါသကိုလုံးဝနှိုးဆွ​နိုင်တယ်။ စန်းကျုံးကကောင်တွေကသွမ့်ကျားရန်ဆီကိုဦးတည်လာတာကိုတွေ့တော့ဟေးဖျီကဘေးကိုအပြေးရောက်လာတယ် "မင်းတို့ကချချင်တာပေါ့ရတယ်လေ!"

ဟေးဖျီဝင်ပါတာကိုတွေ့တော့ သူ့နောက်ကအဖော်တွေကလဲရှေ့ကိုတိုးလာတယ်။

"ငါတို့ရဲ့ကျောင်းလူဆိုးလေးကိုဝင်ကူမယ်မယ်ဘယ်သူတွေသဘောတူလဲ?"

"မင်းတို့ကအဖွဲ့ထဲမှာ ဓားလေးတစ်လက်ရှိတာနဲ့ ကန်တွေမြစ်တွေကိုသိမ်းမယ်ပေါ့?"

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now