CHAPTER 62 - Don't Be Afraid

Start from the beginning
                                    

"ငါစာကြိုးစားမယ်" သွမ့်ကျားရန်ကအဲ့တိုင်းပြောပီးရပ်သွားပြန်တယ်။

သူတကယ်နည်းနည်းမူးနေပီ ဒါပေမဲ့လဲ နှလုံးသားကနေခံစားနေရတယ် "မင်းပြောကြည့် စာအုပ်တွေကဘာလို့ဖတ်ရခက်နေတာလဲ? ငါနေ့တိုင်းဖတ်နေတာ အဲ့ဒီ electromagnetic field ဆိုတာကြီးကလူတွေနဲ့ဆိုင်လို့လား? ငါက charge(Q) လဲမဟုတ်ဘူး သူကဘယ်ကိုလှိမ့်ချင်လဲ ငါကဘယ်လိုလုပ်သိမှာလဲ?"

လုရှင်းစစ်ပြုံးလိုက်မိပုံပေါ်တယ်။

အဲ့ဒီနောက်မှာ သန့်ရှင်းပီပေါ့ပါးတဲ့အငွေ့အသက်တစ်ခုကသူ့မျက်နှာပေါ်ကိုဖြတ်သွားတယ်။ လုရှင်းစစ်ရဲ့လက်ဖဝါးကသူ့မျက်နှာဘေးဘက်ကိုပွတ်​နေတာကိုခံစားလို့ရတယ်။ ပီးတော့ တခြားလက်တစ်ဖက်ကသူ့ခေါင်းကိုနူးနူးညံ့ညံ့ညင်ညင်သာသာလေးထိတွေ့နေတယ်။

"မင်းကငတုံးလေးလား?"

သူစိတ်မဆိုးတော့မှန်းသွမ့်ကျားရန်သိတယ်။

စိတ်ဖြေလျော့သွားခါမှ သူ့ရဲ့ပါးကိုလုရှင်းစစ်ရဲ့လက်ဖဝါးနဲ့ပွတ်နေလိုက်တယ်။ တစ်ဖက်လူရဲ့မေးခွန်းနဲ့ ဘီယာရှိန်နဲ့ရောပီး သွမ့်ကျားရန်ရှင်းမပြတတ်ဘဲနည်းနည်းမှားယွင်းနေသလိုပဲ "လူတိုင်းရဲ့ဦးနှောက်ကမင်းလိုမကောင်းဘူလေ ငါကမှအနည်းဆုံး electromagnetic field ကိုသိသေးတယ်။မင်းဟေးဖျီကိုမေးကြည့် မင်းကဟင်းသီးဟင်းရွက်စျေးအကြောင်းကိုပြောနေတယ်လို့သူထင်လိမ့်မယ်"

Training ဆင်းနေတာဖြစ်တဲ့အတွက်ဟေးဖျီကရိကျုံးမှာမရှိတော့ဘူး။

လုရှင်းစစ်ကထပ်ရယ်လိုက်တယ် "မင်းကျောင်းမှာမရှိတဲ့သူကိုအခွင့်အရေးယူတာလား?"

သွမ့်ကျားရန်ကသူ့ကိုကြည့်ပီးပြုံးလိုက်တယ်။

"နောက်ထပ်တစ်နှစ်ကျန်သေးတယ်" လုရှင်းစစ်ကသူ့ပါးကိုဆက်ကိုင်ထားပီ လက်ချောင်းလေးတွေကနည်းနည်းချောကျသွားတယ် "မင်းလိုချင်တဲ့အမှတ်ကိုရဖို့ မင်းစာကြည့်ရင်ငါကကူပီးရှင်းပြပေးမယ်"

လုရှင်းစစ်ကဒီလိုစကားမျိုးပြောနေတာကတကယ်သိတ်သက်သာရာရတယ်။ လုရှင်းစစ်ကသူ့ကိုတိုးတိုးလေးပြောတယ် "မကြောက်ပါနဲ့"

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now