CHAPTER 61 - High School

12K 1.9K 69
                                    

Unicode

ဟဲယွင်ရှန့်ရဲ့အခြေအနေကနှစ်တစ်နှစ်ပြောင်းတော့ တဖြည်းဖြည်းပိုကောင်းလာတယ်။ March နဲ့ April မှာ ဖူ့ယွမ်က Ning Cheng မှာရှိတဲ့လုအိမ်တော်ကိုသွား​ဖို့အတွက် သီးသန့်အားလပ်ရက်ယူလိုက်တယ်။

အထက်တန်းဒုတိယနှစ်ရဲ့ second semester မှာ ဘာသာရပ်အားလုံးကဆရာတွေက အထွေထွေပြန်လည်စစ်ဆေးခြင်းတစ်ခုစလုပ်တယ်။

သွမ့်ကျားရန်ကဒီကိစ္စမှာ ဇွဲလုံ့လရှိရှိကြိုးစားတယ်။ စုန့်ရိကအစတုန်းကသူ့ကိုလှောင်ရယ်နေသေးတယ်။ နောက်တော့ ရှန်းချီလျင့်တောင်ဟာသမလုပ်နိုင်တော့ဘူး။

စာမေးပွဲလဲပြီးသွားရော သူတို့တွေစာသင်ခန်းတွေပြောင်းရတယ်။

"သားလေး" ရှန်းချီလျင့်ကနောက်ကနေသွမ့်ကျားရန်ကိုလှမ်းပုတ်တယ်။ သူ့မျက်လုံးတွေကသွမ့်ကျားရန်ရဲ့ သင်ကြားရေးအထောက်အကူပြုစာ​အုပ်တွေပေါ်ကိုဖြတ်သွားပီး အူတွေအသည်းတွေထဲခံစားချက်တွေနဲ့ "မင်းအထက်တန်းအောင်သွားရင်မင်းက prodigal son လေးပြန်လှည့်လာတာရဲ့သစ်လွင်​တဲ့ ပြယုဒ်တစ်ခုပဲ"

"မင်းကလဲဘာသာရပ်အပြောင်းအလဲလုပ်တဲ့သူရဲ့သစ်လွင်တဲ့ပြယုဒ်တစ်ခုပေါ့"

"ငါဟိုတစ်ပတ်က အင်္ဂလိပ်စာကိုဖြည့်ပီးကြည့်နေတာ" ရှန်းချီလျင့်ကပြောတယ် "ငါအဲ့တာကိုမှတ်မိဖို့မျှော်လင့်ရတာပဲ"

သွမ့်ကျားရန်ကသူ့ကိုထူးထူးဆန်းဆန်းကြည့်တယ် "မင်းက talented player မဖြစ်ချင်ဘူးမလား မင်းဒီတစ်သက် အတန်းတွေပြောင်းလို့ရောပီးအုံးမှာလား?"

"မင်းကအခုလေးတင်ငါ့ကိုမကောင်းပြောနေတာပဲ" ရှန်းချီလျင့်ကပေါ့ပေါ့ပါးပြောတယ် "ငါသိလိုက်တာက မင်းရဲ့ကောင်လေးကလွဲပီးလူတိုင်းက talented player မဟုတ်ဘူး"

သွမ့်ကျားရန်ကခေါင်းညိမ့်လိုက်တယ် "သူ့ကိုချီးမွမ်းပေးလို့ကျေးဇူးပဲ"

သွမ့်ကျားရန်အရှေ့ကိုဆက်လျှောက်သွားတာတွေ့တော့ ရှန်းချီလျင့်ကပြောလိုက်တယ် "ရူးနေလား? မင်းရဲ့စာသင်ခန်းအသစ်ကဒီမှာ"

သွမ့်ကျားရန်အော်လိုက်ပီးအနောက်ကိုပြန်လှည့်လာတယ်။

စာသင်ခန်းတံခါးကိုကြည့်လိုက်တယ်။

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now