CHAPTER 60 - Intimate

Começar do início
                                    

သူပြောပီးတော့အိပ်ရာပေါ်ကိုလှဲချလိုက်တယ်။

သူတကယ်လုရှင်းစစ်ကိုအဲ့တိုင်းကြီးပစ်မထားချင်ပါဘူး။ ဒါပေမဲ့လဲ သူ့ကိုအဲ့လောက်ကြီးအလိုမလိုက်သင့်ဘူးလို့ခံစားရတယ်။

လုရှင်းစစ်ကသူ့ခေါင်းကိုခေါင်းအုံးထဲမြုပ်ထားပီး သူ့ဘာသာအိပ်ရမယ်ဆိုတဲ့အကြောင်းဆက်ပြောမယ်ဖို့ငြင်းဆန်လိုက်တယ်။

လုရှင်းစစ်ကရုတ်တရပ်ပြောလိုက်တယ် "ငါအခုထိရေမချိုးရသေးဘူး"

သွမ့်ကျားရန်ကအဲ့တာကိုကြား​တော့ မျက်ခုံးပင့်ပီးခေါင်းအုံးပေါ်ကထလိုက်တယ်။

အာ့ကြောမို့သူလုရှင်းစစ်ကိုယ်ပေါ်က ဆေးလိပ်နံ့ဖျော့ဖျော့လေးရနေတယ်လို့အမြဲခံစားရတယ်။ အဲ့တာကသူတို့ဆီကိုမလာခင်သောက်ထားတာဖြစ်နိုင်တယ်။

သွမ့်ကျားရန်တစ်ယောက်ထောင်ခြောက်မိသွားပီ "မင်းရေချိုးပီးမှငါ့အိပ်ယာပေါ်တက်လို့ရမယ် ရေမချိုးရင်ကြမ်းပြင်ပေါ်မှာပဲအိပ်ရမယ်"

သူအတွေးတွေကလုရှင်းစစ်ကြောင့်သတိမထားမိဘဲ အဝေးကိုလွင့်သွားတာကိုသူဂရုမစိုက်မိဘူး။ တစ်ဖက်လူကိုသူနဲ့အိပ်ခွင့်မပြုဘူးဆိုပီး ရေချိုးပီးရင်အိပ်ရမယ်ဖြစ်သွားတယ်။

လုရှင်းစစ်သူ့ကိုကြည့်ပီးမထိန်းနိုင်ဘဲပြုံးမိတယ်။

"မင်းခုနလေးကပြောတာ နောက်တစ်ခါရေထပ်ချိုးမယ်ဆို" လုရှင်းစစ်က​ပါးပါးနပ်နပ်ပြောလိုက်တယ် "အတူတူချိုးမှာလား?"

သွမ့်ကျားရန်ကအဲ့တာကိုကြားတော့ ထပ်မထိန်းနိုင်တော့ဘူး။ သူအိပ်ယာပေါ်ကနေထလိုက်တယ် "မင်းနည်းနည်းတော့ထိန်းပါအုံး မင်းကငါ့ကိုကိုက်ပီးသွားတာတောင် ငါကမင်းနဲ့ရေချိုးရအုံးမှာလား? မင်းကိုယ်မင်းအတွက် စိတ်ကူးယဥ်တတ်လွန်းသူကြီးဆိုပီး banner ကြီးကိုင်ထားတာကိုငါမြင်ယောင်လာတယ်"

"ငါကအဲ့တိုင်းပြောတာမဟုတ်ပါဘူး" လုရှင်းစစ်က innocent ​ပုံလေးနဲ့ "မင်းသဘောတူတယ်ဆိုရင် ငါ့ကအတော်လေးအကျိုးများတာပဲ"

သွမ့်ကျားရန်သူအဲ့တိုင်းပြောတာကြားတော့ ပြန်လှဲချလိုက်တယ်။

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Onde as histórias ganham vida. Descobre agora