CHAPTER 59 - Taste

Start from the beginning
                                    

"အဲ့တိုင်းမင်းကိုပြောလို့လား?" လုရှင်းစစ်ရဲ့မျက်လုံးလေးတွေကကွေးသွားတယ် "မင်းကအရမ်းချစ်စရာကောင်းတာပဲ"

" ... "

အဲ့ဒီအချိန်မှာ သွမ့်ကျားရန်ထဆဲမိလုနီးပါးပဲ။

ဒီကောင်ကသူ့ရဲ့မျက်နှာကိုဘယ်လိုမြင်နေလဲဆိုတာ သူမစဥ်းစားတတ်ဖြစ်နေတယ်။

ပိုပီးလန့်စရာကောင်းတာကသူကပက်ခနဲအတင်းပြန်မေးမိတာပဲ။ လူကပေါင်တစ်ထောင်တူနဲ့တဒုန်းဒုန်းအထုခံနေရသလိုပဲ။သူ့မေမေကရောပဲ လူကိုချစ်စရာလေးဆိုပီးလျှော့တွက်ထားတယ်။

သူကတကယ်အသုံးမကျတာလား?

သွမ့်ကျားရန်သူ့ကိုသူအသုံးချခံရတာလွယ်တယ်လို့ခံစားရတယ် "ချစ်စရာကောင်းတယ်ဆိုတာက ချောမောတဲ့ကောင်လေးတစ်ယောက်ကိုဖော်ပြတဲ့အသုံးအနှုန်းဟုတ်လို့လား? လုရှင်းစစ်မင်းခုတလောရူးကြောင်ကြောင်နဲ့  မင်းရေရောချိုးပီးပီလား? မင်းငါ့ကိုလာထိနေသေးတယ်"

"ငါမင်းကိုလာမရှာခင်ချိုးထားတယ်"

လုရှင်းစစ်ကသူ့လက်နှစ်ဖက်ကိုကွေးပီး သူ့ရင်ဘတ်ပေါ်ကိုတင်ထားလိုက်တယ်။

သွမ့်ကျားရန်ရဲ့ခါးကိုဖက်ထားတဲ့လက်မောင်းကလဲ နည်းနည်းပိုပီးတင်းကျပ်လာတယ်။

သူ့လက်မောင်းထဲကဟာလေးကနွေးနွေးလေး ခါးလေးကလဲသိမ်သိမ်လေး။

Stress disorder ရဲ့တိုက်ခိုက်မှုခံနေတဲ့အတောအတွင်းမှာ လုရှင်းစစ်ရဲ့ pheromone တွေကသူ့အပေါ်ကိုသေလောက်အောင်ဆွဲဆောင်မှုရှိတယ်။

ခနလောက်အဖက်ခံထားရပီးတော့ သူ့ရဲ့စိတ်ထားကလဲနူးညံ့သွားတယ်။ နောက်ဆုံးမှာ​တော့ သူကိုယ်တိုင်ကပဲ လုရှင်းစစ့ရဲ့ရင်ခွင်တွေကြားထဲကိုလိုလိုလားလားဝင်လိုက်ပီး သက်သောင့်သက်သာဖြစ်တဲ့အနေအထားတစ်ခုကိုရှာလိုက်တယ်။

သူလုရှင်းစစ်ကိုကြည့်လိုက်တော့ သူ့ကိုလွှတ်ပေးမဲ့အရိပ်အယောင်တောင်မရှိဘူး။

"ဆယ်နာရီထိုးတော့မယ်ထင်တယ်" သွမ့်ကျားရန်တိုးတိုးလေးရေရွတ်လိုက်တယ် "အိပ်တော့မလား? ငါနေမကောင်းမဖြစ်တာနှစ်ပေါင်းရှစ်ရာလောက်တောင်ရှိပီ"

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now