CHAPTER 56 - Cold

Start from the beginning
                                    

တစ်ယောက်ကလေးတွဲ့တွဲ့နဲ့ခိုးကြောင်ခိုးဝှက်လေးကြည့်လို့။ တစ်ယောက်ကကျခေါင်းလေးငုံ့ပီးနှုတ်ခမ်းရဲရဲလေးကိုလက်မလေးနဲ့ပွတ်နေတယ်။

ကြည့်ရတာဘယ်လိုတောင်စိတ်ဒုက္ခရောက်စရာကောင်းနေရတာတုန်း။

စုန့်ရိခေါင်းပြန်လှည့်လိုက်တယ်။

ခနလောက်ကြာတော့ သွမ့်ကျားရန်ကသနားစရာကောင်းတယ်လို့သူတကယ်ခံစားရတယ်။ အစတုန်းကအရမ်းရိုးရှင်းတဲ့ကလေးလေးက လုရှင်းစစ်ကြောင့်ဒီလိုအရာတွေကိုစာသင်ခန်းထဲမှာလုပ်နေရတယ်။ သွမ့်ကျားရန်အတွက်ဆိုဒါကပေါက်ကွဲပစ်ချင်စရာပဲ။

စုန့်ရိကသွမ့်ကျားရန်အပေါ်ဒီလိုခံစားချက်မျိုးရှိတာရှားတယ်။ သူ​ချန် ယွဲ့ဘက်ကိုလှည့်လိုက်တယ် "မင်းအတန်းခေါင်းဆောင်ကိုပြောကြည့်လို့ရလား ရှောင်သွမ့်ကိုအရမ်းအနိုင်မကျင့်ဖို့"

ချန်ယွဲ့ကသက်သက်သာသာထိုင်ပိး သူ့ဖုန်းနဲ့ကစားနေတယ် "မင်းဘာသာမင်းသူ့ကိုဘာလို့သွားမပြောလဲ"

စုန့်ရိ: "မင်းကသူနဲ့ပိုပီးရင်းနှီးတယ်လေ"

ချန်ယွဲ့: "ငါကသူ့ကို မင်းရဲ့omega ကိုအရမ်းကြီးအနိုင်မကျင့်နဲ့လို့ပြောလိုက်ပီတဲ့ သူကငါ့ကိုဘယ်လိုထင်မလဲ?"

စုန့်ရိ: " ... "

ချန်ယွဲ့က​ဖြည်းဖြည်းလေးပြောတယ် "ငါအသတ်ခံရလောက်တယ်"

နောက်တန်းမှာ​တော့...

သွမ့်ကျားရန်ကသူ့အောက်နှုတ်ခမ်းလေးကိုလက်မလေးနဲ့ပွတ်နေတာကိုလုရှင်းစစ်တိတ်တိတ်လေးကြည့်နေလိုက်တယ်။ ကြည့်ရတာထိုင်းမှိုင်းနေပီး အရှိန်မပြယ်သေးပုံပေါ်တယ်။

"နာနေလို့လား?" သူ့ရဲ့အမူအရာတွေကိုလေ့လာကြည့်နေလိုက်တယ်။

သွမ့်ကျားရန်ကလက်ပြန်ရုတ်လိုက်တယ်။

သူကစောနလေးတုန်းကအနမ်းထဲမှာနစ်မြုပ်နေတုန်းပဲ။ နှလုံးခုန်နှုန်းတွေလဲမြန်ဆန်နေတယ်။ သွမ့်ကျားရန်ကြည့်ရတာနည်းနည်းတော့ထူးခြားနေတယ် "မနာပါဘူး"

လုရှင်းစစ်ကရုတ်တရပ်ကြီးသူ့ကိုလာနမ်းတာ။ မမျှော်လင့်ထားတဲ့ခံစားချက်တွေပီးသွားတဲ့အခါမှာတော့ သူလုံးဝမလှုပ်နိုင်​တော့မှန်းသွမ့်ကျားရန်သိလိုက်တယ်။

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now