CHAPTER 48 - Night Run

12.2K 2K 77
                                    

Unicode

Alpha တစ်ယောက်ရဲ့ inhibitor ကို​ omega အစားယူဖို့ဆန္ဒရှိတယ်ဆိုတာရဲ့အဓိပ္ပါယ်ကမြတ်နိုးယုယမှု နဲ့ကာကွယ်ပေးမှုလို့ဆိုလိုတယ်။

သွမ့်ကျားရန်ကိုယ်တိုင်လဲသိတယ်။ လုရှင်းစစ်ကသူ့ကိုရုစိုက်တယ်ဆိုတာထက်ကိုပိုတယ်။

နောက်ထပ်ရက်တွေမှာလဲ သူ inhibitor အကြောင်းပဲတွေးနေမိတယ်။သွမ့်ကျားရန်ကတချို့အတွေကိုအတင်း အလျှော့ပေးထားပီး ဆူညံနေတဲ့ အင်တာနက်ကဖေးတုန်းက လုရှင်းစစ်ရဲ့ပုံစံလေးကိုပဲပြန်ပြန်တွေးနေမိတယ်။

စိတ်အခြေအနေကတော့တသိမ့်သိမ့်လေးပေါ့။

တစ်ဖက်လူရဲ့နူးညံ့မှုလေးတွေကပိုက်ကွန်တစ်ခုလိုပဲ သူ့ကိုနည်းနည်းချင်းစီ ချည်နှောင်နေပီ။ သွမ့်ကျားရန်နားမလည်နိုင်သေးခင်မှာပဲတချို့အရာ​တွေကတဖြည်းဖြည်းနဲ့မထိန်းချုပ်နိုင်ဖြစ်လာခဲ့ပြီ။

ကျောင်းသားမိဘတွေ့ဆုံပွဲပီးကတည်းက ဖူ့​ယွမ်က Hai Cheng ကိုပြောင်းဖို့ကိစ္စတွေနဲ့အလုပ်ရှုပ်နေခဲ့တယ်။ သူကကျောင်းပိတ်ရက်မှာထွက်သွားဖို့အစီအစဥ်ဆွဲထားတဲ့အတွက် သွမ့်ကျားရန်ကလေဆိပ်ကိုလိုက်ပို့ဖို့အချိန်ရတယ်။

ဒါပေမဲ့လဲ ဗုဒ္ဓဟူးနေ့မှာ ဟဲယွင်ရှန့်ရဲ့ အခြေအနေကဆိုးရွားလာတယ်။ ဆရာဝန်က Hai Cheng ကိုဖြစ်နိုင်သမျှမြန်မြန်သွားဖို့အကြုံပြုတယ်။ ဖူ့ယွမ်ကဒီနေ့အတွက်လက်မှတ်ဝယ်ရုံပဲတတ်နိုင်တော့တယ်။

သွမ့်ကျားရန်ကဖူ့ယွမ်ဆီကဖုန်းcall တစ်ခုရတော့ သူကအတန်းထဲမှာပဲရှိသေးတယ်။ ဖူ့ယွမ်ကပထမဆုံးသူ့ကိုဖုန်းခေါ်ပီး သူကအခုလောလောဆယ်ဖုန်းမကိုင်နိုင်ဘူးဆိုတာကိုနားလည်သွားပီး WeChat ကနေပဲစာလှမ်းပို့တယ်။

[အားရယ်,ရှောင်ယွင်ရဲ့အခြေအနေကဆိုးတယ် မားကဦးလေးဟဲနဲ့ဆွေးနွေးပီးတော့ ဒီနေ့မွန်းလွဲပိုင်း လေယာဥ်နဲ့ Hai Chengကိုသွားဖို့ဆုံးဖြတ်ခဲ့ရတယ်]

သွမ့်ကျားရန်ကအဲ့ဒီ​အ​ကြောင်းကိုတွေ့တော့မြန်မြန်ပဲပြန်မေးလိုက်တယ် [ဘယ်အချိန်သွားမှာလဲ?]

ဖူ့ယွမ်: [4:50 pm]

သူမကခနလောက်တွေဝေသွားပီးနောက်ထပ်ထပ်ပို့တယ် [ကျောင်းကနေလေဆိပ်ကိုအသွအပြန်ဆို နှစ်နာရီသုံးနာရီလောက်ကြာလိမ့်မယ် အဲ့တာကအရမ်းဒုက္ခများတယ် အတန်းပဲကောင်းကောင်းတက်နေပါ နောက်လကျ နှစ်သစ်ကူးရောက်ရင်သားနဲ့အဖော်ပြုဖို့အတွက် Ning Cheng ကို မားပြန်လာခဲ့မယ်]

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now