CHAPTER 43 - Lip Color

Start from the beginning
                                    

အဲ့ဒီစကားတွေပြောပီးခါမှ သွမ့်ကျားရန်ကသူပြောလိုက်တဲ့ဆင်ခြေကြီးကနည်းလမ်းမကျသလိုခံစားရတယ်။

မျှော်လင့်ထားသလိုပဲ။

"မဖြစ်ပါဘူး မင်းငါနဲ့အတူရှိနေရင် သက်သောင့်သက်သာမဖြစ်မှာစိုးရိမ်နေတာ" လုရှင်းစစ်ကအပြုံးတစ်ခုနဲ့ပြောတယ် "မင်းဒီတိုင်းကို့ရို့ကားယားဆန်တယ်လို့မခံစားရရင်အဆင်ပြေပါတယ်။

သွမ့်ကျားရန်ကနှုတ်ခမ်းတွေကိုဖိလိုက်ပီး တိတ်တိတ်ပဲနေဖို့ကြိုးစားလိုက်တယ် "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါ့ကိုစာသင်ပေးတဲ့လူကငါ့ပါးပါးဆို မင်းကပါးပါးတွေထဲကပါးပါးတစ်ယောက် အဲ့လိုဖြစ်သွားမှာပေါ့"

အဲ့တာပြောမလို့လုပ်တဲ့အချိန်မှာပဲ အတန်းချိန်စတဲ့ခေါင်းလောင်းမြည်လာတယ်။သွမ့်ကျားရန်ချက်ချင်းပဲ ထွက်ပြေးလွတ်မြောက်သွားသလိုခံစားရတယ်။

စုန့်ရိကသူနဲ့လုရှင်းစစ်ရဲ့လှုပ်ရှားမှုတွေကိုအာရုံစိုက်ထားပီး သူတို့ပြောနေတာတွေကိုနားထောင်နေတာ။ စုန့်ရိကသူပြန်လှည့်လာတာနဲ့ချက်ချင်းသူ့နားရောက်လာပီးအသံသေးသေးလေးနဲ့မှတ်ချက်ပြုတယ် "ရှောင်!သွမ့်!မင်း!ဘေးက!တစ်ယောက်ကိုတောင်!မပြောဘူး!"

သွမ့်ကျားရန်ကစုန့်ရိရဲ့မျက်နှာကိုကြည့်လိုက်ပီး ဒီကိစ္စကိုဝတ်ကျေတမ်းကျေလုပ်လို့မရမှန်းသိလိုက်တယ်။သူလဲအသံလေးနှိမ့်လိုက်တယ် "သူငါ့ကိုအဲ့နေ့ကကစားကွင်းမှာဖွင့်ပြောထားတာ ငါလက်မခံခဲ့ဘူး"

စုန့်ရိသွေးအန်မလိုဖြစ်သွားပီး ဘယ်လိုတောင်ကမောက်ကမနိုင်ရလဲဆိုတာမသိဖြစ်သွားတယ်။ သူ့အသံကလဲနည်းနည်းမြင့်သွားတယ် "မင်းဘာလို့လက်မခံတာလဲ?!"

သွမ့်ကျားရန်: " ... "

သွမ့်ကျားရန်ကဆရာလှမ်းကြည့်နေတာကိုတွေ့လိုက်တယ် "နည်းနည်းတိုးအုံး မင်းနာမည်အမှတ်ခံရတော့မယ်"

စုန့်ရိကအသံလေးပြန်တိုးပီးပြောတယ် "မင်းတို့ရဲ့လက်ရှိအခြေအနေကဘာလဲ?"

သွမ့်ကျားရန်ကမရှင်းမလင်းဖြေလိုက်တယ် "ငါကလက်မခံရသေးဘူး သူ...သူကအဲ့လိုပဲ"

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now