CHAPTER 42 - Joint Examination

12.9K 2.2K 118
                                    

Unicode

သရဲအိမ်ထဲကထွက်မှပဲသွမ့်ကျားရန်စိတ်သက်သာရာရတော့တယ်။ မကြာခနဆိုသလိုလာလာခြောက်နေတဲ့သရဲမနဲ့ယှဥ်ရင် သူနဲ့ရှိနေတဲ့ လုရှင်းစစ်ကသွမ့်ကျားရန်ကိုပိုပီးအားကုန်စေတယ်။

ချန်ယွဲ့နဲ့ကျိုးရှင်ချန်းထွက်လာတာကသူတို့ထက်တောင်ပိုစောသေးတယ်။သူတို့ကတံခါးဝမှာစောင့်နေကြတာ။

သွမ့်ကျားရန်ကိုမြင်တဲ့အခါမှာတော့ ကျိုးရှင်ချန်းကမေးလိုက်တယ် "သရဲမဘာဖြစ်သွားလဲ?ထွက်ထွက်လာတာ ဘာပြင်ဆင်ချိန်မှတောင်မရဘူး"

သွမ့်ကျားရန်ကရယ်လိုက်တယ် "မင်းကအရမ်းလူမလေးစားစရာကောင်းတယ် လူတွေကမင်းကြောင့်မလန့်တာတော်သေးတယ်"

သူတို့တွေ​ရယ်နေတုန်းမှာ ဘေးကနေကလေးငိုသံလေးတစ်ခုထွက်လာတယ်။

အဲ့တာကအသက်ငါးနှစ်ခြောက်နှစ်လောက်ပဲရှိအုံးမဲ့ ကလေးမလေး။ သူအရောင်ဖျော့ဖျော့down jacket တစ်ခုဝတ်ထားတာ ဘောလုံးလေးလိုပဲဖောင်းဖောင်းလုံးလုံးလေး။

ကလေးလေးဘေးနားမှာသူ့မိဘတွေမရှိတာကိုတွေ့တော့ သူတို့အဲ့နားကမထွက်ခင်အထိလှည့်ကြည့်လှည့်ကြည့်နဲ့။ ကလေးလေးကလဲငိုနေတုန်းပဲ။

သွမ့်ကျားရန်ကတခြားသူတွေကိုစကားနည်းနည်းပြောပီး ကလေးလေးဆီကိုသွားလိုက်တယ်။

သူခနလောက်တွေဝေသွားပီး ကလေးလေးရှေ့မှာဒူးလေးထောက်ရင်းတိုးတိုးလေးပြောလိုက်တယ် "ညီမလေး ​ဖေဖေနဲ့မေမေရော?"

"အဟင့်...သိဘူး...ပါးပါးကိုရှာနေတာ..."

ကလေးလေးကအရမ်းငိုနေတဲ့အတွက်သွမ့်ကျားရန်ကခေါင်လေးကိုမဝံ့မရဲလေးထိလိုက်တယ်။ကလေးလေးဘက်ကမငြင်းဆန်တာကိုတွေ့တော့ သွမ့်ကျားရန်ကလက်လှမ်ပီးကျောကုန်းလေးကိုပုတ်ပေးလိုက်တယ်."မငိုနဲ့ မငိုနဲ့နော် ကိုကိုကမီးမီးနဲ့ကူစောင့်ပေးမယ် ပါးနဲ့မားကခနနေရင်ပြန်လာတော့မှာ"

ကလေးမလေးကအဲ့တာကိုကြားတော့ သူ့ရဲ့မျက်ရည်တွေအပြည့်ဖြစ်နေတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့မော့ကြည့်တယ်။

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now