CHAPTER 37 - Supplemental Mark

Start from the beginning
                                    

သွမ့်ကျားရန်: " ... "

လုရှင်းစစ်ကဘာစကားမှမပြောဘူး။ သွမ့်ကျားရန်ကချန်ယွဲ့ရဲ့မတရားတဲ့ပုံစံကိုကြည့်ပီးရှင်းပြလိုက်တယ် "ငါ့မှာ stress disorder ရှိတယ် လုရှင်းစစ်နဲ့ငါနဲ့ကလိုက်ဖက်ညီမှုမြင့်တယ် အတူတူထိုင်တာကရောဂါလက္ခဏာတွေကိုသက်သာစေတယ်"

ချန်ယွဲ့ကနှာမှုတ်လိုက်ပီးအတွဲတစ်တွဲကိုကြည့်နေသလိုပုံပေါ်တယ် "အဲ့ဒီအပေါ်မှာ omega တစ်ယောက်နာမကျန်းဘူးဆိုရင် အခြေခံအားဖြင့်စည်းမျဥ်းတွေရှိတယ်မလား? မင့်ရဲ့ရောဂါကဘာ?"

သွမ့်ကျားရန်: "stress disorder"

ချန်ယွဲ့ကပြောလိုက်တယ် "တကယ်တော့ မင်းကလုရှင်းစစ်နဲ့ စာလေ့လာမဲ့အကြောင်းတွေပြောချင်တယ်ဆိုရင်မှငါယုံအုံးမယ်"

အဲ့ဒီလိုသွယ်ဝိုက်ပြောဆိုတာကငါ့ကိုညာဖို့အကြောင်းပြချက်ပြောတွေပြောနေဖို့မလ်ိုဘူးလို့ဆိုလိုနေတယ်။

လုရှင်းစစ်ကအရမ်းကျေနပ်နေပီးတော့စကားတစ်ခွန်းဝင်ပြောတယ် "စာလေ့လာတာနဲ့ဆိုင်တဲ့ပြဿနာလေးတွေဆွေးနွေးတာလဲနည်းနည်းပါတာပေါ့"

သူကပြောရင်းချန်ယွဲ့ရဲ့ထိုင်ခုံကိုဖွဖွလေးကန်တယ်။ တိုက်တွန်းလိုတဲ့အဓိပ္ပါယ်ကထင်ရှားတယ် "မင်းဘေးကိုသွားနေလိုက်တော့"

ချန်ယွဲ့က​ပြုံးလိုက်တယ် "ငါသွားမှာပါ မင်းတို့လေ့လာနေတာတွေကိုမနှောင့်ယှက်ပါဘူးကွာ"

သွမ့်ကျားရန်: " ... "

သွမ့်ကျားရန်ကနှာမှုတ်လိုက်ပီးသူ့ရဲ့ရှပ်အင်္ကျီကိုလက်လှမ်းလိုက်တယ်။

သူကကြယ်သီးနှစ်လုံးဖြုတ်ပီးသွားတာကိုချန်ယွဲ့တွေ့တော့ နားမလည်နိုင်ဖြစ်နေတယ် "မင်းဘာလုပ်နေတာလဲ?"

သွမ့်ကျားရန်: "မင်းကငါ့မှာ stress disorder ရှိတယ်ဆိုတာကိုမယုံဘူးမလား?ငါကမင်းကို allergic ဖြစ်နေတာကိုတွေကိုပြမလို့"

လုရှင်းစစ်ကအစတုန်းကသူတို့နှစ်ယောက်ကိုစိတ်ဝင်တစားနဲ့ကြည့်နေတာ။သွမ့်ကျားရန်ကအပိတ်ခံရပီးစကားမပြောတတ်ဖြစ်နေတာလေးကအတော်လေးချစ်ဖို့ကောင်းတယ်လို့ခံစားရတယ်။

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now