CHAPTER 34 - Drink

Start from the beginning
                                    

Zhao Cheng ကိုရောက်တဲ့ညမှာတော့ကျောက်မင်ကျွင်းကညအပြင်ဘက်ကိုမထွက်ဖို့ထပ်ခါထပ်ခါပြောပေမဲ့လဲ ဒီအရွယ်ကျောင်းသားတွေကအရမ်းတက်ကြွကြတယ်။ အဲ့ဒီအပြင်Zhao Cheng ဆိုတာကလဲ ညဘက်ဖျော်ဖြေရေးတွေပေါ်များတဲ့နေရာတစ်ခုဖြစ်တယ်။

ကျောက်မင်ကျွင်းထွက်သွားပီးတဲ့အချိန်မှာပဲကျိုးရှင်ချန်းကသွမ့်ကျားရန်ကို message လှမ်းပို့တယ် [အပြင်ထွက်လာမလား?]

သွမ့်ကျားရန်: [ဘယ်နေရာလဲ?]

ကျိုးရှင်ချန်းကလိပ်စာလှမ်းပို့တယ်: [အဲ့ဒီမှာ ktv တစ်ခုရှိတယ် အထဲမှာလဲ​အတော်လေးကောင်းတယ်]

သွမ့်ကျားရန်ကသူ့ကိုလာခဲ့မယ်လို့ပြန်ပို့လိုက်တယ်။

ကျိုးရှင်ချနပြောတဲ့ ktv ကဒီနားမှာတော့ကျော်​ကြားတဲ့ဖျော်ဖြေရေးနေရာဖြစ်လောက်တယ်။ ktv ကိုသွားတဲ့လမ်းမှာကျောင်းသားတွေအများကြီးကိုသွမ့်ကျားရန်တွေ့ခဲ့တယ်။

သူတွန်းပီးဝင်လာတော့ ကုလီသီချင်းဆိုနေတဲ့အချိန်ဖြစ်တယ်။

အဲ့ဒီအခန်းထဲမှာလူဆယ်​ယောက်လောက်ရှိတယ်။ ကုလီကလွဲပီး တခြားသူတွေကသူတို့အခန်းကအတန်းဖော်တွေဖြစ်တယ်။ သူမကကိုးရီးယားသီချင်းတစ်ပုဒ်ကိုလေးလေးပင်ပင်နဲ့စူးစူးရှရှသီဆိုနေတယ်။ktv ထဲကအလင်းရောင်တွေကလဲ လှုပ်ရွနေတာပဲ။

အလင်းရောင်ကအပြင်ဘက်ဆုံးကောင်လေးရဲ့မျက်နှာပေါ်ကျသွားတယ်။ သူကမျက်လွှာလေးချပီး သူ့ဖုန်းနဲ့ကစားနေတယ်။ သူ့မျက်ခုံးလေးတွေကထင်ထင်ရှားရှားလေးရယ်။

တံခါးလှုပ်ရှားသွားတော့ခံစားမိလို့ထင်ရဲ့မော့ကြည့်လာတယ်။

သွမ့်ကျားရန်နဲ့လုရှင်းစစ်တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းစုံသွားတယ်။

တစ်ဖက်လူရဲ့လက်​တစ်ဖက်မှာ cigarette ကိုညှပ်ထားပီး အငွေ့လေးတွေကသူ့ရဲ့မျက်နှာအစိတ်အပိုင်းတွေပေါ်မှာဝေ့ဝဲနေတယ်။ သူဆေးလိပ်သောက်မှန်းသိပေမဲ့ ​သူသောက်တာကိုတော့ပထမဆုံးအကြိမ်အဖြစ်သွမ့်ကျားရန်မြင်ဖူးခြင်းပဲ။

သွမ့်ကျားရန်အကြည့်တွေကသူ့လက်ကြားထဲကိုရောက်နေတာတွေ့တော့ တစ်ဖက်လူရဲ့သူ့လက်ထဲကဆေးလိပ်ကို​ကြည့်နေမှန်းနားလည်သွားတယ်။ လုရှင်းစစ်ရဲ့နဂိုတုန်းကဖြစ်ကတတ်ဆန်းပုံကပြောင်းလဲသွားပီးအပြုံးသေးသေးလေးဖော်ပြလာတယ်။

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now